Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲကြောင့် ရှီနဲ့ အကြီးအကျယ် သဘောထား ကွဲလွဲတာမျိုး မရှိဘူးလို့ ထရမ့်ပြော

အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ သူနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကြားမှာ သဘောထား ကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိနေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းပယ်သွားပါတယ်။

ဓာတ်ပုံ - AP

အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ သူနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကြားမှာ သဘောထား ကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိနေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းပယ်သွားပါတယ်။

ဘေဂျင်းမှာ ရှီနဲ့ သွားရောက်တွေ့ဆုံမယ့် ခရီးစဉ် မတိုင်ခင် မေလ ၁၂ ရက်နေ့မှာ ထရမ့်က သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲဟာ ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ ဖြစ်မယ်ဆိုတာ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ မေ ၁၃ ကနေ ၁၅ ထိ ဘေဂျင်းကို ၃ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။

ထရမ့်ဟာ အီရန်စစ်ပွဲ ရပ်စဲရေးအတွက် အမေရိကန်ဖက်က တောင်းဆိုမှုတွေကို အီရန်က လက်ခံလာအောင် တောင်းဆိုပေးဖို့ ရှီကို ဖိအားပေးခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တရုတ်နဲ့ အီရန်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့ နိုင်ငံတွေပါ။

တစ်ဖက်မှာလည်း အီရန်ကို အစ္စရေးနဲ့ အမေရိကန်က ပူးပေါင်း တိုက်ခိုက်ရာက စတင်ခဲ့တဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းဟာ တရုတ်ကိုလည်း သိသိသာသာ ထိခိုက်သက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် အရေးနဲ့ ပတ်သက်လို့တော့ သူနဲ့ရှီဟာ စကားတွေ အကြာကြီး ပြောရမှာဖြစ်ကြောင်း၊ ရှီဟာ လူကောင်း တစ်ယောက်ဖြစ်ပြီး ရိုးသားသူ တစ်ယောက်လို့ ထင်ကြောင်း ထရမ့်က ဆိုပါတယ်။ တကယ်တော့ သူတို့နှစ်ဦး ဆွေးနွေးရမယ့် အကြောင်းအရာတွေက အများကြီးဖြစ်ပြီး အီရန်ကလည်း တစ်ခု အပါအဝင်ဆိုတာ မြင်သာကြောင်း၊ အမေရိကန်ဟာ အီရန်ကိစ္စမှာ အများကြီး ထိန်းချုပ်နိုင်စွမ်း ရှိထားကြောင်း ထရမ့်က ဆိုပါတယ်။

အီရန်စစ်ပွဲ ဖြစ်ပွားခဲ့တဲ့ နှစ်လကျော် ကာလအတွင်းကို ပြန်ကြည့်ရင် ထရမ့်ဟာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ အပျော့တစ်မျိုး၊ အမာတစ်မျိုး မှတ်ချက်တွေ ပေးခဲ့တာကို တွေ့ရပါတယ်။ သူက အီရန်ဆီက ရေနံအများဆုံး ဝယ်ယူနေတဲ့ နိုင်ငံဖြစ်တဲ့ တရုတ်ဟာ အီရန်အပေါ် လုံလောက်တဲ့ ဖိအားပေးမှုမျိုး မရှိခဲ့ကြောင်း ဝေဖန်ဖူးသလို အပစ်ရပ် သဘောတူညီမှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် ရှီရဲ့ အစိုးရက ကူညီပေးခဲ့တယ် ဆိုတာမျိုးလည်း အသိအမှတ် ပြုခဲ့ဖူးပါတယ်။

ရှီနဲ့ တွေ့ဆုံချိန်မှာ အီရန်စစ်ပွဲ ရပ်စဲနိုင်ရေးကိစ္စအတွက် တရုတ်ဆီက အကူအညီ တောင်းခံမလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က အမေရိကန်ဟာ အီရန်နဲ့ ပတ်သက်လို့ ဘယ်သူ့ဆီက ဘာအကူအညီမှ မလိုဘူးလို့ တုံ့ပြန်သွားပါတယ်။

တရုတ် အစိုးရကတော့ အီရန်စစ်ပွဲနဲ့ ပတ်သက်တဲ့ သဘောထား အမြင်ကို ထုတ်ပြန်ထားရာမှာ စစ်ပွဲကို အမြန်ဆုံး ရပ်စဲပြီး သံတမန်ရေး နည်းလမ်းတွေနဲ့ ညှိနှိုင်းအဖြေရှာမှုမျိုးကို အားပေးကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မဟာမိတ် ပါကစ္စတန်က အမေရိကန်နဲ့ အီရန်တို့ကြား သံတမန်ရေး ကြားဝင် ညှိနှိုင်းပေးမှုတွေမှာလည်း တရုတ်က နောက်ကွယ်ကနေ အစွမ်းရှိသမျှ ကူညီနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

ဆောင်းပါး

ပြည်သူ့လက်ထဲမှ ယုံကြည်မှုကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့် အာဏာ

ဆောင်းပါး

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေမှာ အဓိက နေရာယူနေပါတယ်။ အကြောင်းကတော့ ဒီရွေးကောက်ပွဲရဲ့ အရေးပါမှုက အလွန် မြင့်မားလို့ပါပဲ။

နိုင်ငံတကာ

သက်တမ်းဝက် ရွေးကောက်ပွဲကြို ဒီမိုကရက်တစ် ပါတီအတွက် မဲဆွယ်ရာမှာ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။