Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့ပေါ်က စစ်ကောင်စီတပ်သား ၁ဦးကို CDF ဖမ်းဆီး၊ မြို့အနီးဝန်းကျင် တောတောင်နေရာတွေမလိုအပ်ဘဲမသွားဖို့ ပြည်သူတွေကို ပန်ကြား

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

(ဟားခါးမြို့နယ်မှာ ဖမ်းမိတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ဦး။ ဓာတ်ပုံ - Chinland Defense Force-Hakha)

မေ-၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

ဟားခါးမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အသိပေးရာမှာ လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် ပြည်သူတွေ လုံခြုံရေးအတွက် သတိပေးချက်ကို ဖော်ပြထားတာပါ။

အခု ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဟားခါးမြို့အတွင်း ပြည်သူများအား ငွေညစ်တောင်းခံခြင်း၊ နေအိမ်များအား ဖောက်ထွင်းဓားပြတိုက်ခြင်းစတဲ့ ပြည်သူလုံခြုံရေးထိခိုက်စေသော လုပ်ရပ်များ ကျူးလွန်နေတာဖြစ်ပြီး မေလ ၁၃ရက်မှာ ဟားခါးမြို့တွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေအနေနဲ့လည်း သံသယဖြစ်ဖွယ် လှုပ်ရှားမှုများတွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

CDF-ဟားခါး အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူအပေါ် အန္တရာယ်ပြုလုပ်ရပ်များအား ဆက်လက်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

CDF ဟားခါးအနေနဲ့ အရင်ကလည်း ဟားခါးမြို့ပေါ်က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေကို တိုက်ခိုက်တာ၊ စစ်ကောင်စီ ရဲနဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်တာ စတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။