Connect with us

Hi, what are you looking for?

သတင်း

CDF ဟားခါးတပ်ဖွဲ့ ဦးဆောင်သူတွေ အချင်းချင်းပစ်ခတ်မှု ဒုဥက္ကဋ္ဌဟောင်း ကွယ်လွန်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

(ကွယ်လွန်သွားတဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်း။ ဓာတ်ပုံ - Chin World)

မေ-၁၆၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

မနေ့က မေလ ၁၅ရက်မှာ CDF ဟားခါး အထွေထွေအတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်နဲ့ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လင်း တို့ စကားများရာက ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ချင်းသတင်းရင်းမြစ်တွေ ချင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီ အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး People’s Spring ရဲ့ မေးမြန်းချက်ကို အတည်ပြုပေးပါတယ်။

Public Service Announcement

Public Service Announcement

“အချင်းချင်း စကားများရာကနေ ဖြစ်သွားတာပါ” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

CDF ဟားခါးဟာ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

အခုလိုအချင်းချင်းပြဿနာကို လက်နက်နဲ့ ဖြေရှင်းတာဟာ အရေးယူရမယ့်ကိစ္စဖြစ်တယ်လို့လည်း ပြောပါတယ်။

“အဓိက အဖွဲ့အစည်း(CDF ဟားခါး)ရဲ့ စည်းမျဉ်း ဥပဒေ စစ်ဥပဒေတွေ ကျစ်လစ်ခိုင်မာဖို့လိုတယ်။ ကျစ်လစ်ခိုင်မာဖို့ ဆိုရင် လေးစားလိုက်နာဖို့ အရေးကြီးတယ်ပေါ့”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

CDF ဟားခါးဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

Facebook