Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့က ကန်ပက်လက်မြို့ ဦးတည်လာတဲ့ စစ်တပ် လမ်းတစ်ဝက်ရောက်လာ

မကွေးတိုင်း ဆောမြို့ကနေရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်ထွက်ခွာလာရာ ဒီကနေ့ မေလ ၁၈ရက်မှာ လမ်းတစ်ဝက်ကို ရောက်ရှိနေပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း ဆောမြို့ကနေရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်ထွက်ခွာလာရာ ဒီကနေ့ မေလ ၁၈ရက်မှာ လမ်းတစ်ဝက်ကို ရောက်ရှိနေပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မေလ ဒုတိယပတ်မှာ ဆောမြို့နယ်ကို စစ်အင်အားအလုံးအရင်းနဲ့ အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

” ကန်ပက်လက်ဖက်တက်ကြပြီ။ လမ်းတဝက်အထိရောက်ပြီ။ ဒေသအခေါ် ခြောက်မိုင်နားရောက်တယ်”လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မြို့ကို အလွယ်တကူ ဝင်နိုင်ဖို့ မလွယ်ဟုလည်း ဒေသခံက ပြောပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကို ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

CPU/CPA အနေနဲ့ လတ်တလော စစ်ရေးသတင်းတွေကိုလိုအပ်ပါက ထုတ်ပြန်သွားဖို့ရှိကြောင်း အသိပေးထားပြီး စစ်ရေး အခြေအနေ အသေးစိတ် ဖြေကြားဖို့မရှိဘူးလို့ CPU/CPAအထွေထွေ အတွင်းရေးမှူး ဆလိုင်းယောာမန်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးနေတဲ့တပ်ကို လေကြောင်းကနေ ခဲယမ်းရိက္ခာထုတ်တွေချပေးနေတယ်လို့ ဒေသခံက အသိပေးထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ကနေ ဆောမြို့နယ် တပြင်းကျေးရွာကို ရောက်နေတဲ့ စစ်တပ်ဟာ လက်ရှိမှာ ကျောက်ထုမြို့ကို မရောက်သေးဟု ဒေသခံက ပြောပါတယ်။

ဆောမြို့နယ်အတွင်း လတ်တလော အခြေအနေတွေကြောင့် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၇ရက်မျာ သတိပေးမေတ္တာရပ်ခံချက် တရပ်ထုတ်ပြန်ကာ စစ်တပ်စစ်ကြောင်းနဲ့ လွတ်နိုင်သမျှ လွတ်အောင် ရှောင်ရန် ဖော်ပြထားပါတယ်။

လက်ရှိ ဆောမြို့နယ်အတွင်းမှာ စစ်တပ်က အင်အားအမြောက်အများသုံးပြီး စစ်ကြောင်းထိုးခြင်းများပြုလုပ်လျက်ရှိသလို စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာ ပြည်သူတွေဖမ်းဆီးခြင်း၊ ဓားစာခံပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးတာ ပြုလုပ်နေတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူတွေ အနေနဲ့ စစ်တပ်စစ်ကြောင်းနဲ့ လွတ်နိုင်သမျှလွတ်အောင်ရှောင်ဖို့ ဝေးဝေးနေဖို့ လက်နက်ကြီးဒဏ်ခံနိုင်သောဗုံးခိုကျင်းများနဲ့ နေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဆော-လောင်းရှည်၊ ဆော-ကျောက်ထုလမ်းပိုင်းများအား ကျန်းမာရေးအရ အလွန့်အလွန်အရေးပေါ်ကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ထုတ်ပြန်ထားပြီး မလွဲသာမရှောင်သာဖြတ်သန်းကြရမည်ဆိုပါက သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်ပြီးမှသာ သွားလာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook