Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့က ကန်ပက်လက်မြို့ ဦးတည်လာတဲ့ စစ်တပ် လမ်းတစ်ဝက်ရောက်လာ

မကွေးတိုင်း ဆောမြို့ကနေရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်ထွက်ခွာလာရာ ဒီကနေ့ မေလ ၁၈ရက်မှာ လမ်းတစ်ဝက်ကို ရောက်ရှိနေပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း ဆောမြို့ကနေရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်ထွက်ခွာလာရာ ဒီကနေ့ မေလ ၁၈ရက်မှာ လမ်းတစ်ဝက်ကို ရောက်ရှိနေပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မေလ ဒုတိယပတ်မှာ ဆောမြို့နယ်ကို စစ်အင်အားအလုံးအရင်းနဲ့ အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

” ကန်ပက်လက်ဖက်တက်ကြပြီ။ လမ်းတဝက်အထိရောက်ပြီ။ ဒေသအခေါ် ခြောက်မိုင်နားရောက်တယ်”လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မြို့ကို အလွယ်တကူ ဝင်နိုင်ဖို့ မလွယ်ဟုလည်း ဒေသခံက ပြောပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကို ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

CPU/CPA အနေနဲ့ လတ်တလော စစ်ရေးသတင်းတွေကိုလိုအပ်ပါက ထုတ်ပြန်သွားဖို့ရှိကြောင်း အသိပေးထားပြီး စစ်ရေး အခြေအနေ အသေးစိတ် ဖြေကြားဖို့မရှိဘူးလို့ CPU/CPAအထွေထွေ အတွင်းရေးမှူး ဆလိုင်းယောာမန်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးနေတဲ့တပ်ကို လေကြောင်းကနေ ခဲယမ်းရိက္ခာထုတ်တွေချပေးနေတယ်လို့ ဒေသခံက အသိပေးထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ကနေ ဆောမြို့နယ် တပြင်းကျေးရွာကို ရောက်နေတဲ့ စစ်တပ်ဟာ လက်ရှိမှာ ကျောက်ထုမြို့ကို မရောက်သေးဟု ဒေသခံက ပြောပါတယ်။

ဆောမြို့နယ်အတွင်း လတ်တလော အခြေအနေတွေကြောင့် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၇ရက်မျာ သတိပေးမေတ္တာရပ်ခံချက် တရပ်ထုတ်ပြန်ကာ စစ်တပ်စစ်ကြောင်းနဲ့ လွတ်နိုင်သမျှ လွတ်အောင် ရှောင်ရန် ဖော်ပြထားပါတယ်။

လက်ရှိ ဆောမြို့နယ်အတွင်းမှာ စစ်တပ်က အင်အားအမြောက်အများသုံးပြီး စစ်ကြောင်းထိုးခြင်းများပြုလုပ်လျက်ရှိသလို စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာ ပြည်သူတွေဖမ်းဆီးခြင်း၊ ဓားစာခံပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးတာ ပြုလုပ်နေတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူတွေ အနေနဲ့ စစ်တပ်စစ်ကြောင်းနဲ့ လွတ်နိုင်သမျှလွတ်အောင်ရှောင်ဖို့ ဝေးဝေးနေဖို့ လက်နက်ကြီးဒဏ်ခံနိုင်သောဗုံးခိုကျင်းများနဲ့ နေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဆော-လောင်းရှည်၊ ဆော-ကျောက်ထုလမ်းပိုင်းများအား ကျန်းမာရေးအရ အလွန့်အလွန်အရေးပေါ်ကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ထုတ်ပြန်ထားပြီး မလွဲသာမရှောင်သာဖြတ်သန်းကြရမည်ဆိုပါက သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်ပြီးမှသာ သွားလာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။