Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် လိုသလော​က် ပေါ်တာဆွဲပေးမယ်လို့ ပေါက်ကိုယ်တော် ပြော

အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းပေါ်တာဆွဲတဲ့အလုပ်ကို သူ့လွှဲပေးဖို့နဲ့ စစ်တပ်အလိုရှိသလော​က် ပေါ်တာဆွဲပေးမယ်လို့ ပေါက်ကိုယ်တော်က ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းပေါ်တာဆွဲတဲ့အလုပ်ကို သူ့လွှဲပေးဖို့နဲ့ စစ်တပ်အလိုရှိသလော​က် ပေါ်တာဆွဲပေးမယ်လို့ ပေါက်ကိုယ်တော်က ပြောဆိုလိုက်ပါတယ်။

မေ ၂၀၊ ၂၀၂၆။မေရီ/People’s Spring

အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းပေါ်တာဆွဲတဲ့အလုပ်ကို သူ့လွှဲပေးဖို့နဲ့ စစ်တပ်အလိုရှိသလော​က် ပေါ်တာဆွဲပေးမယ်လို့ ပေါက်ကိုယ်တော်က ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ စစ်မှုထမ်းပေါ်တာဆွဲတာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ စစ်တပ်ကို ဝေဖန်ခဲ့ရာမှာ ပေါ်တာဆွဲတဲ့အလုပ်ကို သူ့ကိုတာဝန်ပေးဖို့ တောင်းဆိုလိုက်တာပါ။

“ပေါက်ကိုယ်တော်လွှဲပေးလိုက်။ ပေါ်တာဆွဲပေးမယ်။ ကြိုက်သလောက်ဆွဲပေးမယ်။ ဘုန်းကြီး ပေါ်တာဆွဲတာ ကြိုက်သလောက်ပြောပလေ့စေ။ သေအောင်ပြောပလေ့စေ။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/reel/980047044413306

ပေါ်တာဆွဲရာမှာ မမျှတမှုတွေဖြစ်ပေါ်နေတယ်လို့သူကဆိုပြီး ဇာတ်မင်းသားတွေကအစ စစ်မှုထမ်းဖို့ ပေါက်ကိုယ်တော်က ပြော​ပါတယ်။ “အောင်ဇမ္ဗူလည်း စစ်မှုထမ်းရမှာပဲ။ စမ်းရေမိုးလည်း စစ်မှုထမ်းရမှာပဲ။….မကြာခင် စမ်းရေမိုးဇာတ်လာလိမ့်မယ်။ အောင်ဇမ္ဗူဇာတ်လာလိမ့်မယ်။ ကနေတာဗျာ။ ပုထိုးတော်ကြီးတွေမှာ။ ဖိုးချစ်ဇာတ်လာလိမ့်မယ်။ ဆွဲပြမယ်။ ခင်ဗျားတို့သာ တရားဝင်သာခွင့်ပြုလိုက်။ အဲထဲမှာ ဗလကောင်းကောင်းအင်အားကောင်းကောင်းတွေ အကုန်လုံးက။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်ဖွား တရုတ်နိုင်ငံသားတွေ၊ မွတ်စလင်တွေပါ စစ်မှုထမ်းဖို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

စစ်မှုထမ်းပေါ်တာဆွဲတဲ့အခါမှာလည်း မွတ်စလင်နည်းတယ်။ မပါသလောက်ပါပဲ။ ဦးဇင်းတို့က စစ်မှုထမ်းပေါ်တာဆွဲတာနဲ့ပတ်သက်ပြီး မပြောပါဘူး။ ဟိုးတလောက ရဲမွန်တောင်မှာ တရုတ်တစ်ယောက် စစ်မှုထမ်း အဆွဲခံရတယ်။ ဦးဇင်းကို အကူအညီတောင်းတယ်။ ကျုပ်ကမေးလိုက်တယ်။ အဲတရုတ် မြန်မာနိုင်ငံသားလား။ မြန်မာနိုင်ငံသားပါဘုရား။ မြန်မာပြည်မှာမွေးတာပါဘုရားဆိုတော့ မြန်မာနိုင်ငံသားဆို နိုင်ငံတာဝန်ထမ်းဆောင်ရမှာပေါ့။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းသားတွေလုပ်ကိုင်နေတဲ့ စင်တင်ဆိုင်တွေကိုလည်း စစ်မှုထမ်း ပေါ်တာဝင်ဆွဲဖို့ ပေါက်ကိုယ်တော်က တိုက်တွန်းထားပါတယ်။

အလားတူ စစ်မှုထမ်းပေါ်တာဆွဲခံရသူတွေကို လိုက်လံကူညီနေတဲ့ ငြိမ်းချမ်းရေးဆရာတော်ဆိုသူကိုလည်း စစ်တပ်သိက္ခာကျအောင်မလုပ်ဖို့နဲ့ တကယ်ငြိမ်းချမ်းတဲ့နေရာရောက်သွားမယ်လို့ ပေါက်ကိုယ်တော်က ခြိမ်းခြောက်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။