Connect with us

Hi, what are you looking for?

သတင်း

ကမမောင်း – ဖာပွန် လမ်းပိုင်းမှာတိုက်ပွဲဖြစ်နေပြီး ရွာတွေ ဗုံးကြဲခံရ

ကရင်ပြည်န​ယ်၊ဖာပွန်ခရိုင်၊ကမမောင်း-ဖာပွန်ကားလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ(၅)တို့တိုက်ပွဲဖြစ်ရာမှာဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ကားလမ်းအနီးဝန်းကျင်က ကျေးရွာတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံကရင်သတင်းရင်းမြစ်ဆီကနေသိရပါတယ်။

မေ – ၂၁ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်န​ယ်၊ဖာပွန်ခရိုင်၊ကမမောင်း-ဖာပွန်ကားလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ(၅)တို့တိုက်ပွဲဖြစ်ရာမှာဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ကားလမ်းအနီးဝန်းကျင်က ကျေးရွာတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံကရင်သတင်းရင်းမြစ်ဆီကနေသိရပါတယ်။

မေလပထမအပတ်ကစပြီးကမမောင်းမြို့မှာစစ်တပ်ကအင်အားအလုံး အရင်းဖြည့်ခဲ့ပြီးနောက်ကမမောင်းမြို့၊ဝါးဒူးရွာကနေ ကမမောင်း-ကတိုင်တိ-ဖာပွန်ကားလမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့တာပါ။

အဲဒီစစ်ကြောင်းနဲ့ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်တပ်စစ်ကြောင်းဟာကမမောင်းမြို့နဲ့ ကတိုင်တိကျေးရွာကြား မှာရှိတဲ့ရေပူကျေးရွာမှာရောက်ရှိနေပြီလို့ ဒေသခံက ဆိုပါတယ်။

မြေပြင်ခြေလျင်တပ်တွေကြားတိုက်ပွဲဖြစ်ချိန်မှာစစ်တပ်ကလေကြောင်းပစ်ကူပါအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အနီးဝန်းကျင်ရှိရွာတွေကနေအိမ်တွေထိခိုက်ပျက်စီးကာဒေသခံတွေလည်း ကမမောင်းမြို့နဲ့ မြိုင်ကြီးငူဒေသဆီ စစ်ဘေးရှောင်လာခဲ့ရတယ်လို့ ကမမောင်းဒေသခံတစ်ဦးက ပြောပါတယ်။

ရေပူရွာ၊မဲကလားရွာ၊ ကျောက်ကွင်းရွာစတဲ့ရွာတွေမှာနေအိမ်တွေအများအပြား ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့်ပျက်စီးသွားခဲ့ပြီးအရပ်သားတချို့လည်းထိခိုက်မှုရှိတယ်လို့ ဒေသခံကရင်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်နဲ့ ထိခိုက်ဒဏ်ရာရ အရပ်သားအရေအတွက်အတိ အကျကိုတော့မသိရပါဘူး။

ကမမောင်း-ကတိုင်တိ-ဖာပွန် ကားလမ်းမကြီး တလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ ဖာပွန်ဗျူဟာ၊ ကတိုင်တိဗျူဟာတို့ဆီ စစ်ကူပေးပို့နိုင်ဖို့အတွက် စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး မေလ ပထမအပတ်ကစတင်ကာ KNU တပ်မဟာ (၅)နယ်မြေထဲ ထိုးဖောက်ဝင်ရောက်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ