Connect with us

Hi, what are you looking for?

သတင်း

လူငယ်မျိုးဆက်သစ်တွေ တော်လှန်ရေး ဦးဆောင်မှုကဏ္ဍမှာတွေ့ရလို့ ဂုဏ်ယူလေးစားဟု KNU ပြော

ကရင်လူငယ်မျိုးဆက်သစ်တွေအနေနဲ့ တော်လှန်ရေးဦးဆောင်မှု ကဏ္ဍမှာ တွေ့ရတာ အနစ်နာခံ ပေးဆပ်ကြတာတွေဟာ လေးစားထိုက်တဲ့ လူငယ်တွေရဲ့ အားထုတ်မှု ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောပါတယ်။

(၃၇)နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့ ဂုဏ်ပြုပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - KNU)

မေ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်လူငယ်မျိုးဆက်သစ်တွေအနေနဲ့ တော်လှန်ရေးဦးဆောင်မှု ကဏ္ဍမှာ တွေ့ရတာ အနစ်နာခံ ပေးဆပ်ကြတာတွေဟာ လေးစားထိုက်တဲ့ လူငယ်တွေရဲ့ အားထုတ်မှု ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောပါတယ်။

မေလ ၂၃ရက်မှာ ကျရောက်တဲ့ (၃၇)နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့ ဂုဏ်ပြုပွဲမှာ KNU ဗဟိုခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုစောလှထွန်းက လူငယ်တွေကို ဦးညွှတ် အသိအမှတ်ပြု ကြောင်း ဖော်ပြခဲ့တာပါ။

ကရင်လူငယ်အစည်းအရုံးအဆက်ဆက်ကို တာဝန်ယူခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေကို ဦးညွှတ်ကြောင်း ပဒိုစောလှထွန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်လူငယ်အစည်းအရုံး ဖြစ်တည်ခြင်းဟာ ကရင့်အမျိုးသားတွေရဲ့ အမျိုးသားရေးခေါင်းဆောင်တွေပေါ်ပေါက်ဖို့ ၊ အနာဂတ် လူငယ်ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ၊ တော်လှန်တဲ့ မျိုးချစ်လူငယ်ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာလို့ ပြောပါတယ်။

လူငယ်ခေါင်းဆောင်တွေရဲ့ ကရင်အမျိုးသားတော်လှန်ရေးအပေါ်မှာ တာဝန်ယူလုပ်ဆောင်ဖို့ ပြုစုပြိုးထောင်ခဲ့တာ ဖြစ်တဲ့အလျောက် လက်ရှိမှာ လူငယ်တွေဟာ အဖွဲ့အစည်း ခေါင်းဆောင်တွေ အနေနဲ့ တာဝန်ယူလာခဲ့ကြတဲ့ အဆင့်ကို ရောက်ရှိပြီးဖြစ်တယ်လို့ ပဒိုစောလှထွန်းက ပြောပါတယ်။

“တကယ်လည်း လုပ်နိုင်စွမ်း ကိုင်နိုင်စွမ်းရှိကြတဲ့ အနစ်နာခံပေးဆပ်ကြတဲ့ လူငယ်မျိုးဆက်သစ်တွေကို ဒီကနေ့မှာလည်း အမျိုးသားရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ တော်လှန်ရေးဦးဆောင်မှု အခန်းကဏ္ဍ မှာ တွေ့ရတာ ဖြစ်တဲ့အတွက် တကယ့်ကို ဂုဏ်ယူလေးစားထိုက်တဲ့ ကရင်လူငယ်တွေရဲ့ စွမ်းဆောင်မှုနဲ့အတူ ကြိုးစားအားထုတ်မှုလို့ ပြောလိုပါတယ်။ဒီအတွက် ကရင်လူငယ်အစည်းအရုံးရဲ့ ခေါင်းဆောင်တွေကို ဒီကနေ ဂါရ၀ပြု ဦးညွှတ် အလေးပြုလိုပါတယ်။” လို့ ပဒိုစောလှထွန်းက ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းအောက်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့ ၊ KNU ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ် လုပ်ငန်းစဉ်တွေ အောက်မှာ ကရင်လူငယ်အစည်းအရုံးရဲ့ ရပ်တည်မှု၊ ပါဝင်မှု ကြိုးစားအားထုတ်မှုတွေဟာလည်း အစည်းအရုံးရဲ့ သမိုင်းနဲ့ သက်သေ အဖြစ်တွေ့ရမယ်လို့လည်း KNU တွဲဖက်အတွင်းရေးမှူး(၂)က ပြောကြားပါတယ်။

(၃၇)နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့ကို KNU အုပ်ချုပ်ထားတဲ့ ခရိုင် တပ်မဟာအသီးသီးရဲ့ နယ်မြေတွေမှာ ကျင်းပခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

Facebook