Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေမြို့မဈေးနဲ့ လူနေရပ်ကွက်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

(မြစ်ခြေမြို့က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မေ ၂၇၊ ၂၀၂၆ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၂၆ ရက် နေ့လယ်ပိုင်းက မြစ်ခြေမြို့ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက မြို့မစျေးအပါအဝင် လူနေရပ်ကွက်တွေကို မီးရှိ့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“​မြစ်ခြေမြို့ပေါ်နေရာ တော်တော်များများကို လိုက်လံ မီးတင်ရှို့သွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မြို့မစျေး မီးရှို့ခံရတယ်လို့ သိရပြီး စစ်တပ်စစ်ကြောင်းရှိနေတဲ့အတွက် အတည်ပြုလို့ မရသေးပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်ကစပြီး အောင်သာပျူစောထီးကျေးရွာကထွက်လာတဲ့ စစ်ကြောင်းနဲ့ ညောင်ဦးမြို့နယ်ဘက်ကလာသော စစ်ကြောင်း ၂ကြောင်း ပေါင်းထားတာဖြစ်ပြီး အင်အား ၅၀၀ ခန့်ရှိကြောင်း သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ မြစ်ခြေမြို့ပေါ်က ပြည်သူတွေအပါအဝင် ပြည်သူ ၁၀ဦးထက်မနည်းဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး လက်ပန်ကျွန်းရွာ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယျာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာ၊ ထနောင်းကုန်းရွာနဲ့ မြို့သစ်ရပ်ကွက်အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ဒါ့အပြင် ပြည်သူ့ပစ္စည်းတွေကိုလည်း ခိုးယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေမြို့ပေါ်က ပြည်သူတွေနဲ့ အနီးအနားကျေးရွာတွေက ပြည်သူ ၂သောင်းခန့် စစ်ဘေးရှောင်နေရပြီး ရက်နှစ်ပတ်ကျော်ကြာလာလို့အစားအသောက်ရိက္ခာနဲ့ မိုးကာတွေအထူးလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ပခုက္ကူမြို့အထွက်ကနေ ရိက္ခာသယ်ယူခွင့်ပိတ်ပင်လိုက်တာကြောင့် စစ်ရှောင်တွေအပါအဝင် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook