Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကချင်ပြည်နယ်နေရာအနှံ့ကို စစ်ရေးလှုပ်ရှားဖို့ ပြင်နေဟု KIA ပြော

အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံး​တွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(ကချင်ပြည်နယ်အတွင်းတိုက်ပွဲမှာ KIA နဲ့ပူး​ပေါင်းတပ်​တွေက စစ်တပ်ထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-CJ )

မေ-၃၁၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံး​တွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

မေ ၃၀ရက်သတင်းဖော်ပြချက်မှာရွှေကူနဲ့ဗန်းမော် စစ်ရေးအခြေအနေတွေ အသိပေးရင်း အထက်ပါအတိုင်းဖော်ပြခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဟာမေလ ၂၈ ရက်က ဗန်းမော်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ​မေ ၂၈ ရက်နေ့မှာပဲ KIAနဲ့ စစ်တပ်ဟာ ရွှေကူမြိုကနယ်နေရာ ၂ ခုမှာတိုက်ပွဲ​​တွေဖြစ်ပွားခဲ့တယ်လို့ လည်း​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၇၈) ၊(၄၁၆)ပူးပေါင်းတပ်တွေက အင်အား ၄၅ ဦးခန့်နဲ့ ရွှေကူမြို့နယ် တောပုန်းရွာလမ်းကနေ စစ်ကြောင်းထိုးလာတာကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

စစ်တပ် နဲ့ KIA ဦး​ဆောင်တဲ့​တော်လှန်​ရေးပူးပေါင်းတပ်​တွေကြား မေလ ၁၁ရက်နေ့ကတည်းက လက်နက်ကြီး လက်နက်ငယ်များအပြင် ဒရုန်းများ အသုံးပြုကာ တိုက်ပွဲများ အပြန်အလှန် ပြင်းထန်နေတယ်လို့ ရွှေကူစစ်ရေး အခြေအနေကို ပြောပါတယ်။

ဒါ့အပြင် မေလ ၂၈ ရက်က ဗန်းမော်ဘက်ကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။KIA နဲ့ပူးပေါင်းတပ်များ ရှိရာ​​နေရာ​တွေကို စစ်တပ်ကတိုက်လေယာဥ်​တွေနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတိတာ​တွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ရွှေကူ-ငါးအိုး-မဘိမ်း ဒေသမှာ တိုက်ပွဲ နေ့တိုင်းပြင်းထန်ခဲ့သလို မန္တလေး-မြစ်ကြီးနားလမ်းမကြီးတကြော ကသာ-နဘား၊ မော်လူး-မော်ဟန်ဒေသ မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း မေလ ၂၉ရက်ကပြောပါတယ်။ဝိုင်းမော်ဒေသမှာ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သလို ဗန်းမော်ဒေသနဲ့ ဖားကန့်ဒေသမှာစစ်တပ်ဘက်ကဒရုန်း ၊ လက်နက်ကြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။