Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကချင်ပြည်နယ်နေရာအနှံ့ကို စစ်ရေးလှုပ်ရှားဖို့ ပြင်နေဟု KIA ပြော

အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံး​တွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(ကချင်ပြည်နယ်အတွင်းတိုက်ပွဲမှာ KIA နဲ့ပူး​ပေါင်းတပ်​တွေက စစ်တပ်ထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-CJ )

မေ-၃၁၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံး​တွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

မေ ၃၀ရက်သတင်းဖော်ပြချက်မှာရွှေကူနဲ့ဗန်းမော် စစ်ရေးအခြေအနေတွေ အသိပေးရင်း အထက်ပါအတိုင်းဖော်ပြခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဟာမေလ ၂၈ ရက်က ဗန်းမော်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ​မေ ၂၈ ရက်နေ့မှာပဲ KIAနဲ့ စစ်တပ်ဟာ ရွှေကူမြိုကနယ်နေရာ ၂ ခုမှာတိုက်ပွဲ​​တွေဖြစ်ပွားခဲ့တယ်လို့ လည်း​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၇၈) ၊(၄၁၆)ပူးပေါင်းတပ်တွေက အင်အား ၄၅ ဦးခန့်နဲ့ ရွှေကူမြို့နယ် တောပုန်းရွာလမ်းကနေ စစ်ကြောင်းထိုးလာတာကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

စစ်တပ် နဲ့ KIA ဦး​ဆောင်တဲ့​တော်လှန်​ရေးပူးပေါင်းတပ်​တွေကြား မေလ ၁၁ရက်နေ့ကတည်းက လက်နက်ကြီး လက်နက်ငယ်များအပြင် ဒရုန်းများ အသုံးပြုကာ တိုက်ပွဲများ အပြန်အလှန် ပြင်းထန်နေတယ်လို့ ရွှေကူစစ်ရေး အခြေအနေကို ပြောပါတယ်။

ဒါ့အပြင် မေလ ၂၈ ရက်က ဗန်းမော်ဘက်ကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။KIA နဲ့ပူးပေါင်းတပ်များ ရှိရာ​​နေရာ​တွေကို စစ်တပ်ကတိုက်လေယာဥ်​တွေနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတိတာ​တွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ရွှေကူ-ငါးအိုး-မဘိမ်း ဒေသမှာ တိုက်ပွဲ နေ့တိုင်းပြင်းထန်ခဲ့သလို မန္တလေး-မြစ်ကြီးနားလမ်းမကြီးတကြော ကသာ-နဘား၊ မော်လူး-မော်ဟန်ဒေသ မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း မေလ ၂၉ရက်ကပြောပါတယ်။ဝိုင်းမော်ဒေသမှာ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သလို ဗန်းမော်ဒေသနဲ့ ဖားကန့်ဒေသမှာစစ်တပ်ဘက်ကဒရုန်း ၊ လက်နက်ကြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။