Connect with us

Hi, what are you looking for?

သတင်း

စင်္ကာပူမှာပြုလုပ်မယ့် ဆုန်သင်းပါရ်ဖျော်ဖြေပွဲ ပြည်သူတွေရဲ့ Boycott အောင်မြင်နေ

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။

ဇွန်-၁၊၂၀၂၆။ဆဏ်း/People’s Spring

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။

မေလ ၁၄ ရက်က ဆုန်သင်းပါရ်ကိုယ်တိုင်တင်ထားတဲ့ အွန်လိုင်းကနေ လက်မှတ်ရောင်းတဲ့ လင့်ခ်မှာ ဒီနေ့(ဇွန်၁) အထိ ဝယ်ယူသူမရှိသလောက်နည်းပါးနေတာကို တွေ့ရပါတယ်။

ပွဲနဲ့ ပတ်သက်ပြီး အဆိုတော် ဆုန်သင်းပါရ် ရဲ့ ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ ပို့စ်မှာ သူ့ရဲ့ အမာခံပရိသတ်တွေကိုယ်တိုင်က စင်္ကာပူကိုမလာဖို့ တိုက်တွန်းထားကြသလို သူတို့ကိုယ်တိုင်လည်း လာမကြည့်ဘူးလို့ မှတ်ချက်တွေရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဆုန်သင်းပါရ် ဘက်ကတော့ဒီပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ သဘောထားအပေါ် ပြန်လည်တုံ့ပြန်တာမျိုးမရှိသလို ဒီနေ့မှာတော့ အသစ်ထွက်ရှိမယ့် သီချင်းကို သူမရဲ့ အကောင့်မှာ ကြော်ငြာထားတာတွေ့ရပါတယ်။

“မအလ ရဲ့အစိတ်အပိုင်းတစ်ခုကို ပါဝင်မပတ်သက်သ၍တော့ လက်ခံနိုင်ပါတယ်။ ဘာလုပ်လုပ် အားမပေးနေပါ ရတယ်။ မအလ အစိတ်အပိုင်းမှာပါနေရင်တော့ sorry ပါ ဘယ်သူမဆို” လို့ ချင်းတိုင်းရင်းသားတစ်ဦးက ဆုန်သင်းပါရ်ရဲ့ ပို့စ်အောက်မှာ မှတ်ချက်ရေးသားထားပါတယ်။

ဆုန်သင်းပါရ်ရဲ့ပွဲကို ဇွန်လ ၇ ရက်မှာ ပြုလုပ်ဖို့စီစဉ်ထားတာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ဒီပွဲကို Boycott လုပ်ဖို့ တောင်းဆိုထားကြတာပါ။

FNCC Burma Fact Check Community က ဒီပွဲကို Boycott ပြုလုပ်ဖို့နဲ့ ပွဲမှာပါဝင်ပေးမယ့် တီးဝိုင်းနဲ့ ပွဲကိုကြော်ငြာပေးတဲ့ ဆိုင်တွေကို သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဆုန်သင်းပါရ်ပွဲကို ကြော်ငြာကပ်ထားတဲ့ စတိုးဆိုင်ကတော့ ဆုန်သင်းပါရ်ကို ဘောမမှန်းမသိတာကြောင့် ကြော်ငြာကပ်ခွင့်ပြုခဲ့တာလို့ ပြန်လည်ဖြေရှင်းပြီး တောင်းပန်ထားပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလက စစ်တပ်ရဲ့ နေပြည်‌တော်သင်္ကြန်မှာ ဆုန်သင်းပါရ်သွားရောက်ဖျော်ဖြေခဲ့တာကြောင့် ပြည်သူတွေက ဝေဖန်ခဲ့ကြတာပါ။

ဒါ့အပြင် တချို့ပရိသတ်တွေကလည်း ပြည်တွင်းက အဆိုတော်တွေအနေနဲ့ ပြည်တွင်းမှာ ဖျော်ဖြေပွဲတွေ သီဆိုတာကိုနားလည်ပေးနိုင်ပေမယ့် ဒီကာလမှာ ပြည်ပအထိဖျော်ဖြေပွဲတွေ ပြုလုပ်တာကို အားမပေးကြောင်း ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ဆွေးနွေးဖို့ လောလောဆယ် မြောက်ကိုရီးယားမှာ အစီအစဉ် မရှိသေးဘူးလို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က ပြောကြားခဲ့ပါတယ်။