Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ ရပ်ထားတဲ့ ခရီးသည်တင်လေယာဉ် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွား

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့ ဖြစ်စဉ်မှာတော့ ဖရန့်ခ်ဖွတ်မြို့က လေဆိပ်မှာ Lufthansa လေကြောင်းပိုင် လေယာဉ်ဟာ ခရီးသည် အတင်အချဂိတ်မှာ ရပ်နားထားရင်း ရုတ်တရက် ရှေ့ဘီးရဲ့ ဝင်ရိုးက ကျိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

ဘီးဝင်ရိုး ကျိုးမှုကြောင့် Boeing 787 လေယာဉ်ရဲ့ ကိုယ်ထည်ရှေ့ပိုင်း ရုတ်တရက် နိမ့်ဆင်းကျသွားတဲ့ ကိစ္စမှာ လေကြောင်းလိုင်းဝန်ထမ်းတချို့ ဒဏ်ရာရခဲ့ကြောင်း Lufthansaက ထုတ်ပြန်ခဲ့ပါတယ်။ အခင်းဖြစ်ချိန်က ခရီးသည်တွေကတော့ လေယာဉ်ပေါ် မတက်ရသေးပါဘူး။

အမေရိကန်ရဲ့ လော့စ်အန်ဂျလိစ်မြို့ဆီ ပျံသန်းမယ့် ခရီးစဉ်ကိုတော့ အခုကိစ္စကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ မတော်တဆမှု တစ်ခုကြောင့် လေယာဉ်အမှုထမ်းတွေနဲ့ မြေပြင်အမှုထမ်းတချို့ ဒဏ်ရာရခဲ့ကြောင်း၊ အားလုံးဟာ Lufthansaရဲ့ ဝန်ထမ်းတွေချည်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ နေ့လယ်ပိုင်းလောက်မှာ လေယာဉ်ရဲ့ ရှေ့ဘီး ဝင်ရိုးဟာ မျှော်လင့်မထားဘဲ ရုတ်တရက် ကျိုးကျသွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ အခင်းဖြစ်ချိန်က လေယာဉ်အနားမှာ မြေပြင် ဝန်ထမ်းတွေနဲ့ တခြား နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ရှေ့ဘီး ဝင်ရိုး ကျိုးကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လေကြောင်းလိုင်းကတော့ ဘာချွတ်ယွင်းချက် ဖြစ်ခဲ့သလဲ ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေညာထားပါတယ်။

ကိုးကား: Reuters, AP

ဆက်စပ်သတင်းများ

သတင်း

ခရီးသည်တင် လေယာဉ်တစ်စီးကို NATO စစ်မဟာမိတ် အဖွဲ့ရဲ့ တိုက်လေယာဉ်တွေက ကြားဖြတ် စောင့်ကြည့်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဟောင်ကောင် အရပ်ဖက် လေကြောင်း ကွပ်ကဲရေးဌာန (CAD)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း