Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့အဝင်မှာစစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၆ နှစ်ဆန်းပိုင်းအညာတိုက်ပွဲတစ်ခုမှာ စစ်တပ်ထံက PDF ​တွေသိမ်းဆည်းရရှိတဲ့တပ်မ(၃၃ )ယူနီ​ဖောင်း ။ဓါတ်ပုံ-​ပေးပို့)

ဇွန်-၅၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်း- မုံရွာလမ်း၊ညောင်ပင်ဝန်းရွာက သံပြားကာ စစ်ကား ၅စီးဟာ တပ်မ (၃၃) ပြန်ဝင်ဖို့ထွက်လာချိန် စစ်ကိုင်းမြို့အဝင်နားက ကျောက်ဆည်ရွာနဲ့ ကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

အဲဒီ စစ်ကား​တွေဟာ ဇွန် ၅ ရက်​​၊​နေ့ခင်းပိုင်းမှာစစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)အတွင်း ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ ​ညောင်ပင်ဝန်းရွာက​နေ စစ်ကိုင်းမြို့ကိုပြန်လာစဥ် မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ကားတစ်စီးကတော့ တော်တော်လေးစုတ်ပျက်သွားတယ်။ဖြစ်ပြီးတော့ အတူတူလာတဲ့ ကားတွေက သေနတ်တွေနဲ့ လျှောက်ပစ်နေလို့ အနားကပ်မရခဲ့ဘူး။အထိခိုက် အသေးစိတ်ကိုမသိရဘူး”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြစ်စဉ်ကို သိသူတဦးက ပြောပါတယ်။

စစ်တပ်က ကားတန်းမိုင်းဆွဲခံရပြီး​တော့သေနတ်တွေနဲ့ အချိန်တော်ကြာအနီးဝန်းကျင်ကို ပစ်ခတ်ပြီး မိုင်းဆွဲခံရတဲ့ကားကိုထားခဲ့ကာ ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ တပ်မ(၃၃)အတွင်း ဝင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကိုသုံးပြီးဆုံးရှုံးထားတဲ့ နယ်မြေ​တွေကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေစဉ် စစ်ကိုင်းမြို့အနီးဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။