Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့အနီးအရေးပါတဲ့ တောင်ကုန်းနေရာ ချင်းတပ်ဖွဲ့ ဆုတ်ခွာရ

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

(ချင်းတော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ C3 စခန်းကုန်း။ ဓာတ်ပုံ - CJ)

ဇွန် ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ချင်းအမျိုးသားတပ်မတော်(CNA) ပါဝင်တဲ့ ချင်းပြည်ကောင်စီ တော်လှန်ရေးတပ်တွေနဲ့ ၂ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့သလို ချင်းတပ်ကလည်း မြို့အနီး တောင်ကုန်းနေရာကို ယာယီလက်လွှတ်ခဲ့ရဟု ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

ဟားခါးမြို့ကနေ အင်အား ၂၅၀ လောက်ပါတဲ့ စစ်တပ်ဟာ ဟားခါးနဲ့ ထန်တလန်ကြားရှိ မူလ တပ်တွေနဲ့ပေါင်းပြီး ထန်တလန်မြို့ကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာလို့ မေလ ၅ရက်နဲ့ ၆ရက်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“၂ရက်ကြာ တိုက်ပွဲရှိတယ်။ စကစတွေ သေဆုံးတာကတော့ ၁၀ဦးခန့်တော့ရှိတယ်တဲ့။ ဒဏ်ရာ တော်တော်များများတယ်တဲ့။ဂျက်ဖိုက်တာနဲ့ လေယာဉ်နဲ့ ဗုံးကြဲတယ် ပြီးရင် ဒရုန်းတွေလည်း သုံးတယ်ဆိုတော့ မနေ့က နေ့လည်က ဇွန်လ ၆ရက်နေ့လည်မှာ အဲဒီ C3 တောင်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဘက်က ခေတ္တ ဆုတ်ခွာခဲ့တယ်တဲ့” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ရက်တာ တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးရဲဘော်တွေဘက်က ကျဆုံးမှုမရှိကြောင်း၊ လက်ရှိမှာ ချင်းအမျိုးသားတပ်မတော်(CNA)က စစ်အင်အားတွေထည့်ဖြည့်ထားလို့ တိုက်ပွဲတွေ ဆက်ရှိနိုင်ကြောင်း ပြောပါတယ်။လက်ရှိမှာ စစ်ကောင်စီတပ်တွေ မြို့တွင်းဝင်နိုင်ခြင်းမရှိသေးဟုလည်း ပြောပါတယ်။

ချင်းတပ်တွေ လက်လွှတ်လိုက်ရတဲ့ C3 တောင် နေရာဟာ ထန်တလန်မြို့နဲ့ မိုင်အနည်းငယ်သာဝေးပြီး ၂၀၂၄မှာ ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

လက်ရှိ ထန်တလန်မြို့ အခြေအနေဟာလည်း စစ်တပ်မြို့တွင်းမှာ တပ်စွဲထားတာရှိသလို ချင်းတော်လှန်ရေးတပ်တွေလည်း တပ်စွဲနေရာယူထားတာရှိတယ်လို့ အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ဧပြီမှာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မေလဆန်းမှာ ဖလမ်းမှ ဟားခါးကို စစ်အင်အားတွေဖြည့်တင်းခဲ့ရာ ချင်းပြည်ကောင်စီကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အဲဒီလို ဟားခါးကို စစ်အင်အားဖြည့်တဲ့ စစ်ကောင်စီဟာ အခု ဇွန်လဆန်းမှာ ထန်တလန်ကို ဆက်လက်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းမှာလည်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ ချင်းညီနောင်မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းက ချပေးတဲ့ ခဲယမ်းထုပ်အချို့ သိမ်းရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲနေ့တိုင်းဖြစ်ပွားနေကြောင်း ချင်းညီနောင် တာဝန်ရှိသူတဦးဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

သီးကျစ်ကျေးရွာသို့ ခရီးတစ်ထောက်ရောက်ရှိနေသော CNDF တပ်ဖွဲဝင်များအား CDF ဟွာလ်ငိုရမ်ကဝိုင်းရံပိတ်ဆို့ပြီးစတင်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်ဟုCNDF အသိ​ပေး