Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ မဂ္ဂနီကျု ၇.၈ ငလျင်လှုပ်ပြီး အပျက်အစီးတချို့ ဖြစ်ပေါ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ အရေးပေါ် ထုတ်ပြန်ထားလိုက်ရပါတယ်။

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ အရေးပေါ် ထုတ်ပြန်ထားလိုက်ရပါတယ်။

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ အရေးပေါ် ထုတ်ပြန်ထားလိုက်ရပါတယ်။

ဇွန်လ ၈ ရက် မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၈ အဆင့် ငလျင်ကြီးအပြီးမှာ အမေရိကန်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား ဆူနာမီ အေဂျင်စီ အသီးသီးက ကျွန်းတွေ၊ ကမ်းရိုးတန်းတွေမှာ နေထိုင်သူတွေ အနေနဲ့ ကုန်းတွင်းပိုင်းနဲ့ ကုန်းမြင့်ဒေသတွေဆီ ချက်ချင်း ရွှေ့ပြောင်းကြဖို့ သတိပေး ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင် ကမ်းရိုးတန်းတွေမှာ အမြင့် ၃ ပေကျော်ကနေ ၁၀ ပေလောက်ထိရှိတဲ့ လှိုင်းတွေ ရိုက်ခတ်လာနိုင်ကြောင်း အမေရိကန် ဆူနာမီ သတိပေးစင်တာက ကြေညာခဲ့ပြီး မလေးရှားဖက်မှာလည်း အမြင့် ၃ ပေဝန်းကျင် လှိုင်းလုံးတွေ ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီထက် ပိုသေးတဲ့ ဆူနာမီ လှိုင်းတွေကတော့ ထိုင်ဝမ်၊ ဂျပန်၊ ဂူအမ်၊ ပါပူအာ နယူးဂီနီတို့ထိ ရောက်ရှိသွားနိုင်ကြောင်း ဖိလစ်ပိုင် ဆူနာမီ အေဂျင်စီက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေဆီက အရေးပေါ် အမိန့်တွေကို လေးလေးစားစား လိုက်နာကြဖို့၊ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ နှိုးဆော်ခဲ့ပါတယ်။

နောက်ပြီး သူ့ရဲ့ အစိုးရဟာ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ကျွန်းဖြစ်တဲ့ မင်ဒါနာအိုမှာရှိတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တောက်လျှောက် ဆက်သွယ်ပြီး လိုအပ်တဲ့ တုံ့ပြန်ရေး အစီအစဉ်တွေကို ဆောင်ရွက်နေတယ်လို့လည်း သမ္မတက ဆိုပါတယ်။

ငလျင်ဟာ ပင်လယ်သမုဒ္ဒရာအောက် ၃၃ ကီလိုမီတာလောက်ကို ဦးတည်ခဲ့တာ ဖြစ်တယ်လို့ ဖိလစ်ပိုင်ရဲ့ ငလျင်နဲ့ မီးတောင်လှုပ်ရှားမှုတွေကို တိုင်းတာတဲ့ အေဂျင်စီ (Phivolcs)က ဆိုပါတယ်။ ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေကလည်း ဆက်တိုက် လှုပ်ခတ်နေပါတယ်။

မင်ဒါနာအို ကျွန်းပေါ်က ဆာရန်ဂါနီ ပြည်နယ်မှာရှိတဲ့ မြို့ငယ်တစ်ခုရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲက သူ့တစ်သက် ကြုံဖူးသမျှ အပြင်းဆုံး ငလျင်ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ မြို့ထဲမှာတော့ ငလျင်ကြောင့် အသေအပျောက် မရှိပေမယ့် ပြင်းထန်တဲ့ လှုပ်ရမ်းမှုကြောင့် မူးလဲသူတွေ ရှိခဲ့တယ်လို့လည်း အဲဒီ ရဲအရာရှိ ဘန်ဂျီ အန်ချီတာက ပြောပါတယ်။

ဆန်းတို့စ်စီးတီးမှာတော့ ငလျင်ကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးတာတွေ၊ လူတွေ ဒဏ်ရာရတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံ အရေးပေါ် ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားရဲ့ မြောက်ပိုင်းဆူလာဝေဆီနဲ့ မြောက်ပိုင်း မာလူကူ ဒေသတွေမှာ နေထိုင်သူတွေလည်း ငလျင်ဒဏ်ကို သက်ရောက် ခံစားခဲ့ရပေမယ့် ထိခိုက်ပျက်စီး၊ ဒဏ်ရာရ သတင်းတွေတော့ မကြားရသေးပါဘူး။

ဖိလစ်ပိုင်မှာတော့ ကနဦး အနေနဲ့ အပျက်အစီးတွေ ရှိခဲ့တာကို အတည်ပြုထားနိုင်ပေမယ့် ဘယ်လောက် များပြားသလဲ၊ ငလျင်ကြောင့် အသေအပျောက်ရော ရှိသလား ဆိုတာတွေကို တိတိကျကျ ဆန်းစစ်လို့ မရသေးပါဘူး။

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေတဲ့ ကျွန်းစုနိုင်ငံတွေဖြစ်ပြီး ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာတွေနဲ့ မစိမ်းလှပါဘူး။ နှစ်နိုင်ငံစလုံးဟာ နှစ်စဉ် ပြင်းအား အမျိုးမျိုးရှိတဲ့ ငလျင်ပေါင်း ရာနဲ့ချီ လှုပ်ခတ်တာကို ကြုံရလေ့ ရှိပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။