Connect with us

Hi, what are you looking for?

News

“ပျံလွှား​အောင်” စစ်ဆင်​ရေးအဖြစ် ရန်ကုန် မြို့နယ်နှစ်ခုတွင် ထပ်မံ ​ဖောက်ခွဲတိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုများကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်သူဘက်မှ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီအား စစ်ရေးတုန့်ပြန်မှုများအဖြစ် “ပျံလွှား​အောင်” စစ်ဆင်​ရေးအရ ရန်ကုန်တိုင်း မြို့နယ်နှစ်ခုတွင် ​ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့က ယနေ့(ဒီဇင်ဘာ ၁၈) ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်သူဘက်မှ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြောက်ဥက္ကလာ

မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ကားကြီးဂိတ်မှတ်တိုင်းအနီး အကြမ်းဖက်စစ်ကောင်စီတပ်များတပ်စွဲထားသည့်နေရာကို ဒီဇင်ဘာ ၁၇ ရက် နေ့လည် ၂ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကြောင့် ယင်းနေ့ညနေ ၃ နာရီတွင် စစ်ကူအဖြစ် စစ်ကားနှစ်စီးထပ်ရောက် လာရာ အဝေးထိန်းမိုင်းဖြင့်ပင် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါတိုက်ခိုက်မှုများကို ACPLF အဖွဲ့၊ တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့(SSUG)၊ မြောက်ဥက္ကလာပအထူးပြောက်ကြားတပ်ဖွဲ့(NGF)များကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကော့မှူး

အလားတူ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားရာ ကော့မှူးမီးသတ်စခန်းအား ယနေ့(ဒီဇင်ဘာ ၁၈)နံနက် ၄ နာရီခန့်တွင် ၄၀(မမ) ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှု​ကြောင့် ရန်သူစစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။