Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချင်းမိုင်မှာ တရုတ် ကျားဖြန့်ဂိုဏ်း တစ်ခုကို ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

ဆာရာဖီ ခရိုင်ထဲမှာရှိတဲ့ တရုတ်နိုင်ငံသားတစ်ဦး ငှားရမ်းထားရာ ဇိမ်ခံအိမ်ကြီး တစ်လုံးကို ဇွန်လ ၈ ရက်နေ့မှာ ရဲတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံသား ကျားဖြန့် သံသယ တရားခံ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့သလို လိမ်လည်မှုတွေမှာ အသုံးပြုတဲ့ အီလက်ထရောနစ် ပစ္စည်းမျိုးစုံကို သိမ်းယူနိုင်ခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ပါဝင်ကြောင်း၊ အဲဒီအဖွဲ့ဟာ ငှားထားတဲ့အိမ်ကို လိမ်လည်မှု လုပ်ငန်းတွေမှာ အသုံးပြုတဲ့ call centre တစ်ခုလို ပြောင်းလဲထားကြောင်း သိရပါတယ်။

သိမ်းဆည်းရမိတဲ့ထဲမှာ laptop ကွန်ပျူတာ ၁၀ လုံးနဲ့ မိုဘိုင်းဖုန်း ၁၀၀ ကျော်လည်း ပါဝင်ခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ တရုတ်တွေဟာ ချင်းမိုင်ကို ရက် ၆၀ အလည်အပတ် ဗီဇာနဲ့ ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ အဲဒီအိမ်ကို တစ်လ ဘတ် ၈၀၀၀၀ နဲ့ ငှားရမ်းထားကြောင်း၊ ကျားဖြန့် လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်တဲ့အတွက် တစ်ဦးကို လစာ ဘတ် ၃၅၀၀၀ ကနေ ၄၀၀၀၀ ထိ ရရှိကြကြောင်းလည်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းမိတဲ့ထဲမှာတော့ လုပ်ငန်းကို ကြီးကြပ်နေတဲ့ ဂိုဏ်းခေါင်းဆောင် မပါဝင်ခဲ့ပါဘူး။ အဲဒီပုဂ္ဂိုလ်ဟာ ပြည်ပကနေ ညွှန်ကြားနေတာလို့ ယုံကြည်ရပါတယ်။ အဲဒီကျားဖြန့်ဂိုဏ်းဟာ တရုတ်နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားပြီး ငွေလိမ်နေတာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီဂိုဏ်းရဲ့ အဓိက အလုပ်လုပ်ပုံကတော့ ပစ်မှတ် သားကောင်တွေဆီကို အာမခံ၊ ဒါမှမဟုတ် ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု အေးဂျင့်တွေအဖြစ် ဟန်ဆောင် ဆက်သွယ်ပြီး အယုံသွင်းပါတယ်။ ပြီးတော့ မသမာတဲ့ appတွေကို download ဆွဲစေပြီး ဘဏ်အကောင့်နံပါတ်တွေ၊ passwordတွေနဲ့ တခြား ကိုယ်ရေး အချက်အလက်တွေကို ခိုးယူလေ့ ရှိပါတယ်။

ရဲတွေက ဒီဂိုဏ်းနဲ့ ဆက်စပ်ပြီး ဆုံးရှုံးနစ်နာမှုတွေကို ခြေရာခံနေသလို ပြည်ပ အခြေစိုက် ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိနိုင်ရေး အတွက်လည်း ဆက်လက် ကြိုးစားနေကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။