Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့တဲ့ရဲဘော် ၁၂၄ဦးကိုမန္တ​လေးPDFဂုဏ်ပြု

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဇွန်-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဂုဏ်ပြုပွဲကို ဇွန်လ ၆ရက်က ကျင်းပခဲ့တာ ဖြစ်ပြီး တပ်မ အနေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ​ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ယုံကြည်ရာကိုလက်နက်စွဲကိုင်တိုက်ပွဲဝင်ရင်းကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကိုပေးဆပ်စွန့်လွှတ်ခဲ့ကြရတာ ဖြစ်ကြောင်း အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အထူးလှုပ်ရှားတပ်မမှအရာရှိ ရဲဘော် ၁၂၄ ဦးနဲ့ ညီနောင် တော်လှန်တပ်ဖွဲ့ အသီးသီးက ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားမှုကို ပြည်သူတွေနဲ့ ရဲဘော်အသီးသီးက အစဉ်အမြဲ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေ မယ်လို့ ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ အထူးလှုပ်ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲဘော်များ စုံညီစွာတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂုဏ်ပြုအခမ်းအနားကိုအမျိုးသားညီညွတ်ရေအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အခမ်းအနားမှာ သဝဏ်လွှာကို ဖတ်ကြားခဲ့သလို ဂုဏ်ပြုခံရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ- မန္တ​လေးPDF

ဆက်စပ်သတင်းများ

ဆောင်းပါး

ပျူစောထီးအဖွဲ့ဝင်တဦးရဲ့ ဘောင်းဘီပေါ်က မန်ယူအသင်းတံဆိပ်ကို ဓားနဲ့ကွင်းလှီးခဲ့တဲ့ မန်ယူဖန်ပြည်သူ့ကာကွယ်ရေးရဲဘော်ကတော့ လက်ရှိအချိန်အထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရက သဘောထား စတင် ပျော့ပျောင်းလာနေကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Burma Campaign UK က ဝေဖန်ပြောကြားလိုက်ပါတယ်။

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး