Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်အထိနာလို့ လေကြောင်းကနေ ဗုံးကြဲ

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

ဇွန်-၁၂၊၂၀၂၆။ဇော်ရမ်း/ People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ ငါးဘတ်ကြီးကျေးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီ‌နေ့မှာတော့ တော်လှန်ရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” စကစဘက်က အများကြီးပဲ ထိတာ။ KIA က ဒရုန်းနဲ့ အတိအကျချတာ။ လေ‌ကြောင်းကနေပါ လာပစ်ရတာ”လို့ တော်လှန်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိတယ်လို့သတင်းရပေမယ့် တိတိကျကျမသိရသေးဘူးလို့ ၎င်းက ပြောပါတယ်။

ရွှေကူမြို့အနီးက ၅လမ်းဆုံပါဝင် နေရာချို့မှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလထဲမှာ အခြေအနေတွေငြိမ်သက်နေခဲ့ပေမယ့် မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ဇွန်လ ၈ရက်နေ့က KIA သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်က ပထမဆုံးလေကြောင်းကနေတိုက်ခိုက်တာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့လည်း သတင်း‌တွေထွက်ပေါ်နေပါတယ်။

” ဒေသခံတွေပိတ်မိနေတာရှိတယ်။ KIA က ထွက်ခိုင်းတယ်။ စစ်တပ်ကမထွက်ခိုင်းဘဲ ပိတ်ထားတယ်။ ရွာကိုပိတ်ထားပြီး လေကြောင်းကနေပါဗုံးကြဲတော့ ဘယ်လိုမှနေလို့မတတ်တော့ဘူး” လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေကူမြို့ဟာ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမော်မြို့အပြင် KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့၊ စစ်ကိုင်းတိုင်းထဲမှာစစ်ရေးတင်းမာနေတဲ့ ကသာမြို့တွေနဲ့လည်း ဆက်စပ်နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၁၂)က ရွှေကူမြို့နယ်မှ ဒေသခံတွေ မြို့ကနေ ခေတ္တတိမ်းရှောင်ဖို့ ဇွန်လ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကို ပိတ်ဆို့ခဲ့ပြီး ဒေသခံတွေကိုလည်းမြို့ကနေ မထွက်ခွာဖို့ ဖိအားပေးခဲ့ပါတယ်။ ဒီနေ့ညပိုင်းမှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။