Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲခံရသူတွေ အမြဲတမ်းစစ်သားအဖြစ် စာရင်းသွင်းခံရဟု အလင်းဝင်စစ်သား ဖွင့်ဟ

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

(အလင်းဝင်တပ်သား၂ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra One)

​ဇွန် ၁၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်း တပ်သား မြင့်သူအောင်နဲ့ အောင်ဖြိုးသူတို့ ၂ ဦးဟာ ဇွန်လ ၁၄ ရက်မှာ ပခုက္ကူမြို့နယ် စစ်တပ်ရဲ့ တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကနေ ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့တာလို့ အသိပေးပါတယ်။

၎င်းတပ်သားနှစ်ဦးအနက် မြင့်သူအောင်ဟာ ဟင်္သာတမြို့ကဖြစ်ပြီး အလုပ်ပြန်လာချိန် ပေါ်တာဆွဲခံရတာဖြစ်ကြောင်း၊ နောက်တစ်ဦးဖြစ်တဲ့ အောင်ဖြိုးသူဟာ ပဲခူးတိုင်းက ဖြစ်ပြီး ၎င်းနေအိမ်ပေါ်တက်ကာ အဆွဲခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြင့်သူအောင်ကို စစ်တပ်က အမြဲတမ်းစစ်သား အဖြစ် စစ်တပ်က သတ်မှတ်ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ပေါ်တာဆွဲခံရတာချင်းတူပေမဲ့ သန္ဓေတပ်သား(အမြဲတမ်းတပ်သား)နဲ့ စစ်မှုထမ်းတပ်သား(ပစ)ဆိုပြီး ခွဲခြားထည့်သွင်းခံရတာနဲ့ ပတ်သက်လို့ COBRA ONE Pakokku တပ်ဖွဲ့တာဝန်ရှိသူက ယခုလိုရှင်းပြပါတယ်။

“သန္ဓေနဲ့ ပစကတော့ သူတို့ထည့်ချင်ရင် သန္ဓေဆိုပြီး လုပ်ပစ်လိုက်တာပဲ ပေါ်တာဆွဲပြီးတော့။ သူတို့ ထည့်ချင်တဲ့သူဆို သန္ဓေဆိုပြီး စာရင်းထည့်ပစ်လိုက်တာ။ ပစဆိုလည်းပစ ဒီအတိုင်းပဲထားလိုက်တာ။ သန္ဓေဆိုရင်လည်း ပစထဲနေရွေးထုတ်ပြီးတော့ (ပေါ်တာဆွဲတဲ့ထဲကနေပြီးတော့) သန္ဓေဆိုပြီး လုပ်ပစ်လိုက်တာ။”လို့ COBRA ONE Pakokku တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

အမြဲတမ်းစစ်သားဖြစ်သွားရင် တခြားစစ်မှုထမ်းတွေလို ၂နှစ်မဟုတ်တော့ဘဲ အနှစ် (၂၀) သို့မဟုတ် သတ်မှတ်ထားတဲ့ အငြိမ်းစားယူရမယ့် သက်ပြည့်အသက်အရွယ်အထိ တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။

စစ်တပ်ဟာ ယခင်ကတည်းက စစ်မှုထမ်းတပ်သားသစ်တွေကို အမြဲတမ်း သန္ဓေတပ်သားတွေ ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းတာတွေရှိပြီး ၁၀တန်းအောင်နဲ့ ဘွဲ့ရတွေဆိုပါက ရာထူးတိုးပေးတာမျိုး၊ ဗိုလ်လောင်းသင်တန်းတက်ခွင့်ပေးမယ်ဆိုတာမျိုးနဲ့ စည်းရုံးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။