Connect with us

Hi, what are you looking for?

သတင်း

စနဲမြို့ဆီ ထိုးစစ်ဆင်တဲ့စစ်ကြောင်း AAတိုက်လို့ ​နောက်ပြန်ဆုတ်ရပြန်

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဇွန် ၁၉၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်ရှိ အ၀တောင်ကျေးရွာအနားမှာ ခြေကုတ်ယူထားတဲ့ စစ်တပ်ဟာရှေ့တိုးလာတာဖြစ်ပြီး အခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်က​သေဆုံးဒဏ်ရာရသူများပြီးထပ်မံဆုတ်ခဲ့ရတာဖြစ်ပါတယ်။

“ရန်သူတွေကတော့ ဒီအတိုင်း ထိုးနေကြတာပဲ။သူတို့ကလည်း ရှေ့တိုးတယ်၊ တိုးမရ၊ ကိုယ့်နေရာကိုယ်ပြန်ဆုတ်သွားတယ်။ ရန်သူ့ဘက်ကတော့ အထိအခိုက်အကျအရှုံးများတယ်။ ကိုယ့်ဘက်က ဒရော့ဗုံးအချများလို့ ထိခိုက်၊ သေဆုံးတွေများတယ်လို့ သတင်းရတယ်။ အတိအကျတော့ မသိဘူး။ သုံး၊ လေးဆယ်ကတော့ သေချာတယ်” လို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့ထွက်ကာကင်းစစ်ကြောင်း ငါးခုထက်မ နည်းကို AA က ပြီးခဲ့တဲ့ ဇွန်လပထမပတ်အတွင်း တန်ပြန်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်ရှိမှာ အ၀တောင်ကျေးရွာအနီးဝန်းကျင်ရှိ ကာကင်းစခန်းအချို့သာ ကျန်တော့တာပါ။

အဲဒီအ၀တောင်ကျေးရွာအနီးအထိုင်ချစခန်းတွေကိုလည်း AA ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပြီး အထိ အခိုက်တွေ အများအပြားရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“မြို့တွင်းသတင်းအရ ဒဏ်ရာရတွေလည်း အများကြီး တင်ကြတယ်ပြောတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ် စခန်းကနေ ကျောက်ဖြူ – ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ အင်အားအများအပြားနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ချည်းကပ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းကတော့ အာဏာသိမ်းစစ်တပ်ဟာစနဲမြို့အနီးထိ ရောက်ခဲ့ပြီး AA ကတန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ရွာနားထိ နောက်ပြန်လန်ပြီးပြန်ဆုတ်​ပြေးခဲ့ကြတာဖြစ်တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

“သူတို့ ပထမတခေါက်ထိုးစစ်ဆင်တုန်းက ကိုယ့်ဘက်ကအောင်မြင်မှုအများကြီးရတယ်။အဲတုန်းကတော့ တပ်ဦး ကျိုးတယ်ပြောလို့ရတယ်။ အလုံးအရင်းနဲ့ ပြန်ဆုတ်ရတယ်။အခုတခေါက်လည်း ကိုယ့်ဘက်က အောင်မြင်မှုတွေ ရနေတာပဲ၊ ပထမအကြိမ်ကလောက်ထိ မဟုတ်ပေမယ့် သူတို့ ရှေ့တိုးလို့မရဘူး။ ပြန်ဆုတ်ရတာပဲ ရှိတယ်” လို့ AA နဲ့နီးစပ်တဲ့ ကျောက်ဖြူဒေသခံ နောက်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းကလည်း တောင်မော်ဦးရေတပ်စခန်းအနီး၀န်းကျင်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အရာရှိ​တွေအပါအဝင် အလောင်းငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ ကိုAA ကသိမ်းဆည်းရရှိခဲ့ပါ​တယ်။ အဲဒီနောက်ပိုင်းမှာ လည်း စစ်တပ်ဘက်က အထိအခိုက်၊ အကျအဆုံးတွေ နေ့စဉ်ရှိနေခဲ့တယ်လို့ ပြောကြပါတယ်။

စစ်တပ်က အထိနာနေတာကြောင့် တောင်မော်ဦးရေတပ်စခန်းမှ တပ်မိသားစုတွေနဲ့ အရာရှိပိုင်းတွေကိုစက်လှေတွေနဲ့ ရွှေ့ပြောင်းပြီး မြို့ပေါ်တပ်ရင်းတွေနဲ့ စစ်တွေမြို့ကနေ အင်အားထပ်ဖြည့်နေတာတွေလည်း ရှိခဲ့ပါတယ်။

တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင် ခုနစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

လက်ရှိမှာ ကျောက်ဖြူအပြင် စစ်တွေမြို့နယ်မှာပါ တိုက်ပွဲပြင်းထန်နေပြီး ထိုးစစ်အဟုန်ကို မလျော့ဘဲ ဆက်လက် တိုက်ပွဲပြင်းလာဖို့ပဲ ရှိနေတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။