Connect with us

Hi, what are you looking for?

News

ဂန့်ဂေါ မြစ်သာမြစ်ကူးတံတားအနီးတိုက်ပွဲ စစ်ကောင်စီတပ်မှသေဆုံးမှုရှိဟု ဒေသခံပြော

စစ်ကောင်စီတပ်က ဂန့်ဂေါ- ကလေး လမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ မြင်သားရွာအပါ အဝင် အနီးတ၀ိုက်ရှိကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။

ဂန့်ဂေါမြို့နယ် မြင်သားရွာအနီးရှိ မြစ်သာမြစ်ကူးတံတားအနီး ယနေ့မနက်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများရှိကြောင်း မြင်သားရွာခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဂန့်ဂေါ- ကလေး လမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ မြင်သားရွာအပါ အဝင် အနီးတ၀ိုက်ရှိကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။

“လက်ရှိအခြေအနေမှာ အသံပဲကြားနေရတာ။ ကျွန်မတို့က တောဘက်ထဲအထိ ပြေးပြီဆိုတော့လေ။ ဟိုဘက်ကတော့ အကျအဆုံးသတင်းတွေကြားနေရပြီ စခ(စစ်ကောင်စီ)ဘက်ကလေ။ ဟိုဘက်က အကျအဆုံးများနေပြီလို့ ကြားနေရလို့ ဝမ်းသာလိုက်တာ။ သေချာပေါက်ကျတယ်ဆိုတော့ ဝမ်းသာတယ်။ ဖြစ်တာက အရင်ဖြစ်တဲ့တံတားမှာပဲ”ဟု မြင်သားရွာခံတစ်ဦးက ပြောသည်။

စက်တင်ဘာကလည်း စစ်ကောင်စီတပ်က မြင်သားရွာသို့ ဝင်ရောက်တိုက်ခိုက်ရာ ထိုစဉ်က ကျေးရွာကာကွယ် ရေးအဖွဲ့မှ လူငယ်များက ရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ခြင်း ကြောင့် ကျေးရွာဒေသခံ လူငယ် ၁၀ဦးကျော်ကျဆုံးခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များကို မီးရှို့ခြင်း၊ သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် ရွာ၌ ကျန်နေသည့် အရပ်သားအချို့ကို သတ်ဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။