Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးတိုက်ခိုက်မှုအတွင်း Al Jazeera ကင်မရာမင်း အာမက် ဝီရှား သေဆုံး

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့

အစ္စ​ရေးရဲ့​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ဇွန် ၂၀ ရက်မှာ​သေဆုံးခဲ့တဲ့ Al Jazeera Mubasher ရုပ်သံဌာနက ကင်မရာမင်း အာမက်ဝီရှား ။ဓါတ်ပုံ-Al Jazeera

-ဇွန်-၂၁၊၂၀၂၆။People’s Spring

ဂါဇာအလယ်ပိုင်းဘူရဲဂျ် (Bureij)ဒုက္ခသည်စခန်းထဲက လူနေအိမ်တစ်လုံးကို အစ္စရေးက စ​နေ​နေ့က လေကြောင်းတိုက်ခိုက်ခဲ့ရာAl Jazeera Mubasher ရုပ်သံဌာနက ကင်မရာမင်း အာမက်ဝီရှား (Ahmed Wishah) သေဆုံးသွားပါတယ်။

မြေပြင်မှာ သတင်းယူနေတဲ့ Al Jazeera သတင်းထောက်တွေရဲ့ ပြောကြားချက်အရ ဒီတိုက်ခိုက်မှုအတွင်း လူနှစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Al Jazeera Media Networkကတော့ အစ္စ​ရေးက Ahmed Wishah ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်ခဲ့တာကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး၊၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း သေဆုံးခဲ့တဲ့ Al Jazeera မီဒီယာဝန်ထမ်း ၁၂ ဦးမြောက်ဖြစ်လာတယ်လို့ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီလိုပြစ်မှုတွေမှာပါဝင်ပတ်သက်နေသူတွေကို တာဝန်ခံစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဥပဒေဆိုင်ရာအဖွဲ့အစည်းတွေက အရေးပေါ်နဲ့ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ထပ်မံတောင်းဆိုထားပါတယ်။

ဘူရဲဂျ်စခန်းကို တိုက်ခိုက်မှုအပြီး စနေနေ့တစ်ရက်တည်းအတွင်း ဂါဇာမှာ အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူစုစုပေါင်း ၁၀ ဦးအထိ ရှိလာခဲ့ပါတယ်။

အဲဒီသေဆုံးသူတွေထဲမှာဂါဇာမြို့လယ်က နေအိမ်တစ်လုံး တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ မိသားစုဝင် ၄ ဦးလည်း ပါဝင်ပြီး၊ အဲဒီအထဲမှာကလေးငယ် ၂ ဦးလည်း ပါရှိပါတယ်။

ဂါဇာမြို့ မြောက်ပိုင်းမှာလည်း အမျိုးသားတစ်ဦး အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး၊ ဘိတလာဟီယာ (Beit Lahia) ဒေသမှာတော့ အမျိုးသမီးတစ်ဦး အစ္စရေးပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့တယ်လို့ Al Jazeera သတင်းထောက်တွေကပြောပါတယ်။

ဒါ့အပြင်ဂါဇာမြို့ ရှိတ်ရဒ်ဝမ် (Sheikh Radwan)ရပ်ကွက်နဲ့ ခန်ယူနစ် (Khan Younis) အနောက်ပိုင်းမှာ လူစုလူဝေးရှိတဲ့ နေရာတွေအနီးတိုက်ခိုက်မှုတွေထပ်မံဖြစ်ပွားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အာမက်ဝီရှား(Ahmed Wishah)ဟာ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က ကားနဲ့ သွားလာနေချိန် အစ္စရေးလက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ Al Jazeera သတင်းထောက် မိုဟာမက် ဝီရှား(Mohammed Wishah) ရဲ့ ညီဖြစ်တယ်လို့ ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မိုဟာမက် ဝီရှား သေဆုံးပြီး နောက်တစ်နေ့မှာတော့အစ္စရေးစစ်တပ်ကသက်သေအထောက်အထား တစ်စုံတစ်ရာ မပြဘဲ သူဟာ ဟားမားစ် ရဲ့ ဒုံးကျည်နဲ့ လက်နက်ထုတ်လုပ်ရေးဌာနက အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဒီအချိန်ကလည်း Al Jazeeraကမိုဟာမက် ဝီရှား သေဆုံးမှုဟာ သတင်းထောက်တွေကို စနစ်တကျပစ်မှတ်ထားပြီးအမှန်တရားရဲ့အသံကို တိတ်ဆိတ်စေဖို့ ကြိုးပမ်းနေတဲ့ အစ္စရေးရဲ့ မူဝါဒတစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

စနေနေ့မှာလည်းAFPကို အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အာမက်ဝီရှား ကို သက်သေမပြဘဲ “ဟားမားစ် (Hamas) အဖွဲ့ဝင်”လို့ထပ်မံစွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့် Al Jazeera ကတော့အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပြီး၊ ဂါဇာမှာရှိတဲ့ Al Jazeera သတင်းထောက်တွေနဲ့ ကင်မရာမင်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို အကြောင်းပြနိုင်ဖို့ အစ္စရေးစစ်တပ်က မှားယွင်းတဲ့ စွပ်စွဲချက်တွေကို အဆက်မပြတ် ဖြန့်ဝေနေတယ်လို့ ပြောပါတယ်။

“ဒီလို ကြိုးပမ်းမှုတွေက ဘယ်သူ့ကိုမှ လှည့်စားနိုင်မှာ မဟုတ်သလို ကမ္ဘာတစ်ဝန်းက ကိုယ်တိုင်မြင်တွေ့နေရတဲ့ အမှန်တရားကိုလည်းဖုံးကွယ်နိုင်မှာမဟုတ်ပါဘူး” လို့ Al Jazeera က ပြောဆိုပြီး ဒါဟာ နာမည်ဖျက် လှုံ့ဆော်မှုတစ်ခုလို့ သတ်မှတ်ခဲ့ပါတယ်။

သတင်းထောက်များ ကာကွယ်ရေးကော်မတီ (CPJ)ကလည်း အစ္စရေးဟာ သေဆုံးသွားတဲ့ ပါလက်စတိုင်းသတင်းထောက်တွေကို ယုံကြည်စိတ်ချရတဲ့ သက်သေအထောက်အထား မပြဘဲ “အကြမ်းဖက်သမား” လို့ စွပ်စွဲလေ့ရှိတဲ့ ပုံစံကို မှတ်တမ်းတင်ထားကြောင်း ယခင်က ထုတ်ပြန်ခဲ့ပါတယ်။

စနေနေ့ ထုတ်ပြန်ချက်မှာတော့ Al Jazeera က ဂါဇာမှာရှိတဲ့ မိမိဝန်ထမ်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဒီလိုပြစ်မှုတွေအတွက် တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ရရှိနိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုသွားမယ်လို့ ပြောထားပြီး၊အစ္စရေးစစ်တပ်ရဲ့အမှန်တရားအသံကိုပိတ်ပင်ဖို့ကြိုးပမ်းမှုတွေရှိနေတဲ့ကြားကပဲဂါဇာသတင်းတွေကို ဆက်လက်တင်ဆက်သွားမယ်လို့ အလေးပေး ပြောကြားထားပါတယ်။

CPJ ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့ပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့စနေနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ကတည်းက သေဆုံးသူ ၇၃,၀၁၈ ဦးနဲ့ ဒဏ်ရာရသူ ၁၇၃,၂၇၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမယ့်အဲဒီနောက်ပိုင်း အစ္စရေးတိုက်ခိုက်မှုတွေကြောင့်လူ ၁,၀၀၇ ဦး သေဆုံးပြီး ၃,၁၆၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုးကား-Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။