Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့နယ်ဘက်စစ်ရေးတင်းမာမှုတွေကြောင့်ထိုင်းနယ်စပ်စာသင်ကျောင်းပိတ်

မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

(​ မြန်မာနယ်စပ်ဘက်ခြမ်းမှာတိုက်ပွဲဖြစ်နိုင်တဲ့သတင်း​တွေ​ကြောင့် ထိုင်းအာဏာပိုင်​တွေကကျောင်းတစ်ရက်ပိတ်​ထားပါတယ်။ဓါတ်ပုံ-Khaosod )

ဇွန်-၂၂၊၂၀၂၆။People’s Spring

မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နယ်စပ်စည်း တစ်ဖက်ခြမ်းမှာ အာဏာသိမ်း စစ်တပ် နဲ့ ကရင်တော်လှန်ရေး တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့သတင်းတွေကြောင့် တက်ခ်ပြည်နယ်ရဲ့ မဲဆောက်ခရိုင်ထဲမှာရှိတဲ့ ဘန်မယ်ခွန်ကန် ကျောင်းကို ဇွန်လ ၂၂ ရက်နေ့မှာ ပိတ်ထားစေခဲ့တာပါ။

မြန်မာဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သား ၂၀၀ လောက်က စစ်ကြောင်းထိုးဖို့ စီစဉ်နေတယ်လို့ သတင်းတွေကြောင့် အတန်းအားလုံးကို တစ်ရက်ကြာ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ကြောင်း မဟာဝမ် ခရိုင်ခွဲမှာရှိတဲ့ စာသင်ကျောင်းရဲ့ ညွှန်ကြားရေးမှူး သာဝတ်ချိုင် ဆန်ပလန်းက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မြန်မာဖက်ခြမ်းက တိုက်ပွဲတွေအတွင်းလမ်းချော်လာတဲ့ ကျည်ဆန်တွေဟာထိုင်းပိုင်နက်ထဲကျရောက်ခဲ့ပါသေးတယ်။ထိုင်းနယ်ခြားစောင့်တပ်ကတော့ အဲဒီ နေရာတဝိုက် နယ်စပ် အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်နေကြောင်း ပြောပါတယ်။

လောလောဆယ်တော့ကျောင်းကို တစ်ရက်ပဲ ပိတ်ထားသေးပြီးအခြေအနေတွေလုံခြုံဘေးကင်းလောက်တယ်လို့ ယူဆရရင် ဇွန်လ ၂၃ ရက်နေ့မှာ ကျောင်းပြန်ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။

လဆန်းပိုင်းတုန်းက တိုက်ပွဲတွေကြောင့် လမ်းချော်လာတဲ့ ကျည်ဆန်တွေဟာ ကျောင်းရဲ့ ပြန်လည် မွမ်းမံ တည်ဆောက်နေဆဲ အဆောက်အအုံ တချို့ရဲ့ ပြတင်းပေါက်တွေကို ထိမှန်ခဲ့ပါတယ်။ပြီးတော့ထိုင်းဖက်မှာ ထိခိုက်ဒဏ်ရာရသူ တချို့လည်း ရှိခဲ့ပါတယ်။

ဇွန်လ၂၁ရက်နေ့တုန်းကလည်းအာဏာသိမ်းစစ်တပ်ဟာ နယ်စပ်နားက ကော်သူးလေတပ်မတော် (KTLA) စခန်းတစ်ခုကို လေကြောင်းကနေဗုံးသုံးလုံးကြဲချခဲ့ကြောင်းထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။အဲဒီတိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုဘယ်လောက်ရှိသလဲဆိုတာကိုတော့မသိရသေးပါဘူး။

နယ်စပ်တဝိုက်မှာနေထိုင်သူတွေ အနေနဲ့ မြန်မာဖက်ခြမ်းက စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုးနိုးကြားကြား ရှိကြဖို့၊ အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေကိုအာရုံစိုက်နားစွင့်ဖို့လည်း ထိုင်းနယ်ခြားစောင့်တပ်က တိုက်တွန်းထားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ကျောင်းသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နယ်စပ်မှာ ရှိနေတဲ့ ထိုင်းစစ်ရှောင်တွေအတွက် တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်တွေကို ထိုင်းနိုင်ငံက စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။