Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းမှာ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေကရတဲ့ လက်နက်၊ခဲယမ်းတွေကို တပ်ဖွဲ့တွေ ခွဲဝေပေး

မကွေးတိုင်းမှာ အခု ဇွန်လအတွင်း စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေမှာ ရရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ပါ၀င်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ခွဲဝေပေးနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဇွန် -၂၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်းမှာ အခု ဇွန်လအတွင်း စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေမှာ ရရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ပါ၀င်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ခွဲဝေပေးနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ပေါက်မြို့နယ်က ကုက္ကိုစု ပြည်သူ့စစ်ရွာ၊ရေပြာရဲခစန်း နဲ့ ပခုက္ကူမြို့နယ်မြစ်ခြေစခန်းတွေ တိုက်ခိုက်သိမ်းပိုက်မှုမှာ လက်နက်ငယ်၊လက်နက်ကြီး ၈၀ထက်မနည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ခရိုင်ကွပ်တို၊ယူနစ်အစိုးရတို့ပေါင်းပြီး အဆင်ပြေအောင်ခွဲပေးနေပါတယ်။၈၀ လောက်တော့ ရှိတယ်။အကြီး(လက်နက်ကြီး)တွေရော အပါပေါ့”လို့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါ၀င်ခဲ့တဲ့ မကွေးတိုင်းတော် လှန်ရေးတပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ခဲယမ်းတွေကို ခွဲဝေပေးနေဆဲဖြစ်ပြီး ပါ၀င်ခဲ့တဲ့ တပ်ရင်း၊တပ်ဖွဲ့အလိုက် အညီအမျှပေးနေတယ်လို့ ဆိုပါတယ်။

“အညီအမျှခွဲဝေပေးလိုက်ပါတယ်။အသေးစိတ်က ခရိုင်နဲ့ ယူနစ်ဘက်က ထုတ်ပြန်မှ ပြောလို့ရမှာပါ”လို့ ပခုက္ကူခရိုင် တပ်ရင်းတစ်ခုရဲ့တာ၀န်ရှိသူက ပြောပါတယ်။

ဇွန်လဆန်းကစပြီး အညာ‌မြေစစ်ဆင်ရေးဖော်ဆောင်ကာ စစ်တပ်စခန်းနဲ့ ပြည်သူ့စစ်ရွာကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း ၆၅ ဦး အပါအ၀င် လက်နက်ကြီး၊လက်နက်ငယ် ၆၀ နီးပါး သိမ်းဆည်းရရှိတယ်လို့ မကွေးတိုင်း၊ပကဖ က ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက် ညနေပိုင်းမှာ ရေပြာရဲစခန်းကို ရပြီး ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်အခြေစိုက်တဲ့

ကုက္ကိုစုရွာကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ကသေဆုံးသူ ၃၀ကျော်၊ သုံ့ပန်း ၆၅ ဦး၊ လက်နက်ချ အလင်းဝင် ‌၆ ဦး၊ ပြည်သူ့စစ်ရွာက ပြည်သူ ၂၄၆ဦးကို ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လ ၁၀ ရက်မှာ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း G-3 (၁၈)လက်၊ 79 (၁)လက်၊ ‌ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း တလက် ရရှိခဲ့ပါတယ်။

စစ်တပ်က ၂ဦး သေဆုံးပြီး ၁၄ ဦးဟာ စစ်သုံ့ပန်းအဖြစ် လက်နက်ချအညံ့ခံခဲ့ကာ အဲဒီသုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေများနဲ့ အညီ ထိန်းသိမ်းထားတယ်လို့ အသိပေးပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း ပါ၀င်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေမှာလည်း ၆ဦး ကျဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။