Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၄)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၂၄၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၄)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တော်လှန်ပြည်သူတွေက ဦးဆောင်ပြီး “အလံမလိပ် အသံမတိတ်” စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ အနေနဲ့ ဒေသခံပြည်သူတွေနဲ့အတူ “စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး” ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်မှုကိုငြိမ်ခံမနေဘဲ စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်ကာ” တော်လှန်ရေးမီးစာအမြင့်ဆုံးသို့ မြှင့်တင်ပြီး ရရာကဏ္ဍ နည်းလမ်း အသီးသီးမှ ပါဝင်တိုက်ပွဲဝင်နိုင်ရန်အတွက်လည်း တိုက်တွန်းထားပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုမှရဲဘော်တွေက သွားလာရေးခက်ခဲတဲ့ ကျေးရွာတွေမှ ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။

အခြေခံကျန်းမာရေး စစ်ဆေးပေးတာတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ ပေးအပ်တာတွေကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ရွှေဘိုသပိတ်အင်အားစုက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။