Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ စစ်ရှောင်ကိုရင် ပေါ်တာဆွဲခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ ရန်ကုန်မြို့မှာ စစ်ရှောင်ရင်း ကိုရင်ဝတ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

(စစ်မှုထမ်းသင်တန်းတ​က်ရန် ပို့ဆောင်ခြင်းခံလိုက်ရသည့် လူငယ်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် တွေ့ရစဥ်။ ဓါတ်ပုံံ-Screen Grab)

ဇွန် ၂၆၊၂၀၂၆။ မေရီ/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ ရန်ကုန်မြို့မှာ စစ်ရှောင်ရင်း ကိုရင်ဝတ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတာတွေကို လိုက်လံစုံစမ်းပေးနေတဲ့ “ငြိမ်းချမ်းရေးဆရာတော်” အမည်ရှိ TikTok အကောင့်မှာ အမျိုးသမီးတစ်ဦးက ပေါ်တာဆွဲခံလိုက်ရတဲ့ ၎င်းရဲ့သားဖြစ်သူကိစ္စအတွက် ဆရာတော်ထံ လာရောက်လျှောက်ထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခု ပျံ့နှံ့လာခဲ့ပါတယ်။

ရုပ်သံမှာ ၎င်းတို့အပြန်အလှန် ပြောကြားချက်အရ ၎င်းတို့မိသားစုဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ခြမ်းကနေ မြို့ပေါ်စစ်ရှောင်လာသူတွေဖြစ်ပြီး သားဖြစ်သူ မောင်ဟိန်းမင်း​​​ဇော်ဟာ ရန်ကုန်မြို့မှာ ကိုရင်ဝတ်နေရင်း ပေါ်တာဆွဲခံလိုက်ရတာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ယခုအခါ မောင်ဟိန်းမင်းဇော်ဟာ အပတ်စဥ် (၂၂)စစ်မှုထမ်းသင်တန်းမှာ တက်ရောက်ခဲ့ရကြောင်း ဆရာတော်က မိန့်ပါတယ်။

​အဆိုပါ ကိုရင် ဘယ်လိုဖမ်းဆီးခံခဲ့ရတယ်၊ ၎င်းရဲ့အသက်အရွယ်နဲ့ မည်သည့်နေ့က ပေါ်တာဆွဲခံခဲ့ရတယ် စတဲ့ အသေးစိတ်အချက်အလက်တွေကို​ ထည့်သွင်းပြောဆိုတာ မတွေ့ရပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ဇူလိုင်လမှာ စစ်မှုထမ်းအပတ်စဥ် (၂၆)ကို စတင်ဖို့ ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။