Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကDKBAနဲ့ BGF အင်းအား၃၀၀ ​ခေါ်ပြီး မင်းလက်ပံနဲ့ ဖလူးကို အင်အား ၁၀၀၀ လောက်နဲ့ထိုးစစ်ဆင်​

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

■KNLA ကလည် းအင်အားဖြည့်ထားလို့ စစ်အုပ်စု ရှေ့မတိုးရဲ

■စစ်တပ်ထိုးစစ် ဒီတစ်ကြိမ်လန်ကျပါက မြဝတီမြို့အတွက် အာမခံချက်မရှိဟုသုံးသပ်

ဇွန်-၂၉၊၂၀၂၆။ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်ကစပြီး ယခင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်လာတာလို့ စုံစမ်းသိရတယ်။

ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“သူတို့ကလူစုပြီးထိုးဖို့လုပ်တော့ ဟိုက KNLA က အဖွဲ့လိုက်ဆင်းလာတာ။သူတို့အခု ရှေ့မတိုးရဲဘဲလက်နက်ကြီးတွေနဲ့သာပစ်နေတယ်”လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်လ၂၉ ရက်မှာစစ်တပ်ကမြဝတီမြို့စောင့်တပ် (၂၇၅)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

“အခုကို ၇ လုံးလောက်ရှိပြီ။မြဝတီမှာအဲဒီ အသံ မကြားရတာကြာပြီ”လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

စစ်တပ်က DKBA ဗိုလ်ဘိအဖွဲ့ကို မင်းလက်ပံနေရာကို​ပေးမယ်လို့ မက်လုံးပေးပြီး တိုက်ခိုက်နေတာလို့လည်း လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာကြားက သူတို့ရဲ့ စခန်းဟောင်းထဲကို ပြန်သိမ်းယူနိုင်ဖို့နဲ့ ဖလူးလေးတောင်ကုန်း (ဒေသခံတွေအခေါ် တာကော်ကျိုး)ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီးကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ဒီကနေ့အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။

စစ်တပ်ရဲ့ တကျော့ပြန်ထိုးစစ်ဟာ လန်ကျသွားပါက ဒေသတွင်းမှာ အရေးပါတဲ့ မြဝတီမြို့အတွက်ပါ အာမခံချက်မရှိတော့ဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အခြေအနေက ဘယ်လိုပြောမလဲဆိုတော့ သူများတိုးချလာရင် မြဝတီမြို့ပါ အာမခံချက်မရှိဘူး ဖြစ်သွားမယ်။ ဟိုဘက်ကလည်း အင်အားအလုံးအရင်းနဲ့ လာတယ်။ ဒီတခါ ပြန်လှန်ကျရင် မြဝတီမြို့ပါ ပါသွားမှာ”လို့ ၎င်းက ဆက်ပြောပါတယ်။

လက်တလောမှာ မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်ရဲ့ ​အ​​​ရေးပါတဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​နေတာမှာ စစ်တပ်အထိနာနေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

သတင်း

စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း

သတင်း

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

Facebook