Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့မှာ တိုက်ပွဲဖြစ်နေပြီး ခရီးသည်တင် ကား ၂စီး ကျည်ထိမှန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒီကနေ့ တိုက်ပွဲမှာ ခရီးသည်တင်ကား ၂စီး ကျည်ထိမှန်ခဲ့တယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။

(မန္တလေး-မြစ်ကြီးနားလမ်း ကားလမ်းပိတ်လို့ ရပ်နားထားတဲ့ ယာဉ်တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၃၀၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒီကနေ့ တိုက်ပွဲမှာ ခရီးသည်တင်ကား ၂စီး ကျည်ထိမှန်ခဲ့တယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။

ဇွန်လ၂၇ ရက်ကစတင်ကာ တကောင်းမြို့နယ် အတွင်းက မန္တလေး – မြစ်ကြီးနားလမ်းပိုင်းအနီးမှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး မကြာခဏ လမ်းပိတ် နေတာလို့ သိရပါတယ်။

ဇွန်လ၂၈ ရက်မှာ အင်းတော်မြို့ရဲ့ အနောက် ဘက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ကားလမ်း ယာယီ ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၃၀ ရက် ဒီကနေ့မှာတော့ နဘား-ကသာ လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ၆ဘီးကား ၁စီးနဲ့ အံစာတုံးကား ၁စီး ထိမှန်ခဲ့တာလို့ သိရပါတယ်။

“ခရီးသည်တင်ကား၂စီးထိတယ်လို့ သိရပါတယ်။ကျွန်တော်တို့အရှေ့မှာပဲ။ကျွန်တော်တို့က ပိတ်မိနေတုန်းဖြစ်သွားတာ။အခုတော့လမ်းပွင့် သွားလို့ ထွက်လာခဲ့ပြီ”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

ကား၂စီးထိမှန်မှုမှာ ခရီးသည်တွေပါတယ်လို့လည်းသိရပြီး ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူး။

ယခုရက်ပိုင်းအတွင်း အဲဒီလမ်းပိုင်းကို စစ်တပ်ကအသုံးပြုကာ စစ်ကြောင်းတွေလည်း မြစ်ကြီးနားမြို့ကို အင်အားပို့တာတွေပြုလုပ်နေပြီး စစ်ကြောင်းဆင်းချိန်မှာလည်း ဇက်ဆိပ်တွေကို စစ်တပ်က ပိတ်တာတွေပြုလုပ်လေ့ ရှိတယ်လို့ သိရပါတယ်။

စစ်တပ်က ပြန်ထိန်းချုပ်သွားတဲ့ တကောင်း၊မော်လူး၊အင်းတော်စတဲ့မြို့တွေအနီးမှာ တိုက်ပွဲ မကြာခဏဖြစ်နေပြီး ဇွန်လ ၁၅ ရက် နောက်ပိုင်းကစတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ တော်လှန်ရေးတပ်တွေကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)က စစ်တပ်စခန်း ၃ခု သိမ်းယူခဲ့တဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းရော၊ လက်နက်ကြီးပါအသုံးပြုခုခံတိုက်ခိုက်နေပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းရွာအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာ သိမ်းစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၁)ဗျူဟာနယ်မြေမှာ ဇွန်လတစ်လတာတိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အမှတ်(၂၁)ဗျူဟာပြည်ခရိုင် တပ်ရင်း (၂)က ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။