Connect with us

Hi, what are you looking for?

သတင်း

အနီရောင်ကြောက်တဲ့စစ်အုပ်စုက ရန်ကုန်တက္ကသိုလ်ထဲက အနီ​ရောင်စိန်ပန်းပင်တွေကို ခုတ်လှဲခိုင်း

ရန်ကုန်တက္ကသိုလ်ထဲက အနီရောင်စိန်ပန်းပင်တွေကို ဖယ်ရှားဖို့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ကြောင့် စည်ပင်ဌာနနဲ့တက္ကသိုလ်ဝန်ထမ်းတွေပေါင်းပြီး အပင်ရင်းကနေခုတ်လှဲ​နေတယ်လို့ သတင်းရရှိပါတယ်။

(ရန်ကုန်တက္ကသိုလ်ထဲက အနီ​ရောင်စိန်ပန်းပင်​​တွေကို စစ်အုပ်စုက ခုတ်လှဲထားစဥ်။ ဓါတ်ပုံ-CJ )

ဇူလိုင်-၃၊၂၀၂၆။‌စိုင်းနောင်/People’s Spring

ရန်ကုန်တက္ကသိုလ်ထဲက အနီရောင်စိန်ပန်းပင်တွေကို ဖယ်ရှားဖို့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ကြောင့် စည်ပင်ဌာနနဲ့တက္ကသိုလ်ဝန်ထမ်းတွေပေါင်းပြီး အပင်ရင်းကနေခုတ်လှဲ​နေတယ်လို့ သတင်းရရှိပါတယ်။

ရန်ကုန်တက္ကသိုလ်၊ဘွဲ့နှင်းသဘင်အဆောက်အအုံနားက စိန်ပင်ကြီးတွေကို ခုတ်လှဲပစ်တာပါ။

“အပင်ကြီးတွေပါခုတ်ပစ်တာဗျ။ဘာကိုမှအနှောင့်အယှက်မပေးတဲ့အပင်တွေကို ခုတ်တာ။ ခုတ်ရမယ့်အပင်တွေရှိတယ်။အဲဒီအပင်တွေမခုတ်ဘဲ အနီရောင်စိန်ပန်းပင်တွေချည်းပဲလိုက်ခုတ်သွားတာ”လို့ဇူလိုင်လ ၃ ရက်နေ့မနက်ပိုင်းမှာ ရောက်ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စိန်ပန်းပင်တွေကိုခုတ်တာဟာ နေပြည်တော်ရဲ့အမိန့်ဖြစ်တယ်လို့သိရကြောင်း နဲ့ ရန်ကုန်စည်ပင်ဌာနအကူအညီနဲ့ စိန်ပန်းပင်ကိုခုတ်ပစ်တာလို့ တက္ကသိုလ်ဝင်းလုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်အဆောက်အအုံနားက စိန်ပင် ၁၂ ပင်ထက်မနည်း ခုတ်လှဲခံထားရပါတယ်။ အရင်ကတည်းကရန်ကုန် တက္ကသိုလ်ကို ပိုလှ​စေတဲ့ စိန်ပန်းပင်​​​တွေကို အာဏာသိမ်းစစ်တပ်ကခုတ်​နေတာဟာမဖြစ်သင့်ဘူးလို့ မျက်မြင်တွေ့ရှိသူအချို့က ပြောပါတယ်။

“တကယ် ခုတ်ရမှာက ဘွဲ့နှင်းသဘင်နား ကပ်ပေါက် နေတဲ့ အလေ့ပေါက်ပင်ကြီးပါ ။သူက သော်ကကြီးပင်ကိုလည်း မိုးနေတယ်။ ဘွဲ့နှင်းသဘင်အုတ်မြစ်ကိုလဲဒုက္ခပေးမှာ။ခုတော့တလွဲ ဆံပင်ကောင်းနေတယ်”လို့ စိန်ပန်းပင်တွေခုတ်လှဲခံထားရတာကိုတွေ့ရှိခဲ့သူတဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ စစ်အုပ်စုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအရောင်ဖြစ်တဲ့အနီရောင်ကိုမနာလိုမရှုစိမ့်သူဖြစ်တယ်လို့ လူသိများပါတယ်။

မန္တလေးမြို့က ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ အမည်ပေးထားတဲ့ ၃၈လမ်းထဲက အနီရောင်စိန်ပန်းပင်တွေကိုလည်း စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခုတ်လှဲပစ်ခဲ့ပါတယ်။ ဒါအပြင် အာဏာသိမ်း ​​ခေါင်း​ဆောင်နဲ့စစ်တပ်ဟာ ​​ဗေဒင်ယတြာ​တွေကိုလည်း အလွန်ယုံကြည်ကြပါတယ် ။ဒါ​ကြောင့် အနီ​ရောင်ပန်း​တွေပွင့်တဲ့ စိန်ပန်းပင်ကိုခုတ်လှဲ​နေတာဟာ သင်​ကေတကိုဖျက်ဆီး​နေတာလား ၊​​ဗေဒင်ယတြာအရလုပ်​နေတာလားဆိုတာကို​တော့မသိရ​သေးပါဘူး။

ဒါ့အပြင်စစ်တပ်ကအခုလပိုင်းအတွင်းဗိုလ်ချုပ်​ကြေးရုပ်တု နဲ့ NLD ပါတီရုံး​တွေကိုလည်းလိုက်လံ ဖျက်ဆီး​နေပါတယ် ။

“လက်နက်အားကိုးပြီး အာ‌ဏာသာကိုင်ထားချင်တာ။ အနီရောင်မြင်ရင် ခွေးက ကျားကို ကြောက်သလိုကြောက်တာ”လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိပညာရေးဝန်ကြီးဟာ ဒေါက်တာချောချောစိန်ဖြစ်ပါတယ်။ ဒေါက်တာချောချောစိန်က အာဏာသိမ်းခေါင်းဆောင်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၅ရက်နေ့မှာပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတစ်သောင်းကျော်ကိုသတ်ဖြတ်ပြီး နိုင်ငံကို ဖျက်ဆီးခဲ့တဲ့ စစ်ခေါင်းဆောင်ကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်ခဲ့မှုအပေါ် ပြည်သူလူထုကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။

လက်ရှိမှာ ရန်ကုန်တက္ကသိုလ်ထဲက စိန်ပန်းပင်တွေကို ခုတ်လှဲတာကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့အလိုကျ လုပ်ဆောင်တာလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတွေကဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Trending

Facebook