Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီးနဲ့ ရွှေကူမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

(ကချင် ​ရှေ့တန်းတစ်​နေရာမှာ တိုက်ပွဲဝင်​နေတဲ့ KIA တပ်ဖွဲ့ဝင်တဦးကို ၂၀၁၂ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-EPA )

ဇူလိုင်-၅၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ဇူလိုင်လဆန်းကစပြီး အင်းတော်ကြီး လုံးတုံဒေသမှာ KIA ပူးပေါင်းတပ်နဲ့ စစ်တပ်လက်အောက်ခံတပ်တွေအကြားတိုက်ပွဲတွေဖြစ်နေတာပါ။

“အင်းတော်ကြီးဘက်မှာ အကြီးအကျယ်ချနေတာ။ပြီးရင်ရွှေကူဘက်မှာဒီမနက် ၇နာရီလောက်ကချတာအခုထိ။အင်းတော်ကြီးဘက်မှာ ကျနော်တို့ ထိုးစစ်ဆင်တာ။ ဒီနေ့ဆို လေးရက်မြောက်ပေါ့”လို့ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေကူတိုက်ပွဲမှာစစ်တပ်ဘက်ကလေကြောင်းပစ်ကူပေးတိုက်ခိုက်လျက်ရှိပြီး ဇူလိုင် ၅ရက်တိုက်ပွဲမှာလည်းစစ်တပ်က လေယာဉ်ပစ်ကူ ၂ ကြိမ်​ပေးခဲ့တယ်လို့သတင်းရင်းမြစ်က ပြောပါတယ်။

ရွှေကူတိုက်ပွဲမှာ စစ်တပ်ကအထိနာလျက်ရှိတယ်လို့ပြောပါတယ်။စစ်တပ်ဟာ ရှမ်းမြောက် မဘိမ်းမြို့နယ်၊ငါးအိုးဒေသကနေ ရွှေကူကို စစ်အင်အားဖြည့်တင်းပြီး အဲဒီကတဆင့် ဗန်းမော်ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

စစ်တပ် စစ်​ကြောင်းတွေကို KIA/PDF ပူးပေါင်းတပ်ကခုခံတိုက်ခိုက်လျက်ရှိပြီးရွှေ့ကူမြို့နယ်မှာ မေလဆန်းက စတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းရွှေကူကနေဗန်းမော်ကို ဦးတည်လာတဲ့ စစ်ကြောင်း​တွေကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့တာမှာ စစ်တပ်အထိနာပြီး တပ်လန်သွားတယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ရွှေကူမြို့နယ်တိုက်ပွဲ နှစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်မှု ရာချီရှိပြီး စစ်သုံ့ပမ်းတွေ၊ လက်နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်က သိမ်းရတာတွေလည်းရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်တပ်အနေနဲ့ ဗန်းမော်ကို မြေပြင်ကနေ စစ်ကူပို့ဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။စစ်တပ်ဟာ KIA ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့မကျရေး လေကြောင်း၊ရေကြောင်း တွေကနေလည်း စစ်အင်အားဖြည့်တင်း​နေတာကို KIAနဲ့မဟာမိတ်​တွေက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်

​​နေပါတယ်။ဗန်းမော်တိုက်ပွဲဟာ တနှစ်ခွဲကျော်ကြာနေပြီဖြစ်ပြီး စစ်တပ်ဟာ ကချင်ဒေသ စစ်ရေးအတွက် အရေးပါတဲ့ ဗန်းမော်မကျရေးနည်းမျိုးစုံသုံး ခုခံလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook