Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်ဒေသခံတွေ စစ်ရေးသတိရှိဖို့၊ အရေးပေါ်ရွှေ့ပြောင်းရင်လိုအပ်မယ့်ဆေးဝါးရိက္ခာတွေ အသင့်ပြင်ထားဖို့ PDFတိုက်တွန်း

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ အနေနဲ့ စစ်ရေးသတိရှိဖို့ ရေတာရှည်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃၅၀၄) သတင်းပြန်ကြားရေးဌာန တာဝန်ခံ က သတိပေးတိုက်တွန်းပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃၅၀၄)မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF၃၅၀၄)

ဇူလိုင်-၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ အနေနဲ့ စစ်ရေးသတိရှိဖို့ ရေတာရှည်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃၅၀၄) သတင်းပြန်ကြားရေးဌာန တာဝန်ခံ က သတိပေးတိုက်တွန်းပါတယ်။

ဇွန်လအတွင်း ရေတာရှည်မြို့နယ် မှာ PDF တပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး အထိနာတဲ့ စစ်တပ်က ဒေသတွင်း စစ်ရေးလှုပ်ရှား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အပေါ် အခုလို တိုက်တွန်းခဲ့တာပါ။

“အဓိကတိုက်တွန်းချင်တာကတော့ မိဘပြည်သူများအနေနဲ့ စစ်ရေးသတိ၊ စစ်ရေးအမြင် အမြဲရှိနေပေးကြဖို့ပါပဲ။အခြေအနေက အချိန်မရွေးပြောင်းလဲနိုင်တာမို့မိမိတို့ဒေသအလိုက်တာဝန်ရှိသူတွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်တဲ့ သတင်းနဲ့ သတိပေးချက်တွေကို အမြဲမပြတ် နားစွင့်ပေးကြပါ။ ပြီးတော့ အရေးပေါ်ရွှေ့ပြောင်းရရင်လိုအပ်မယ့် ဆေးဝါး၊ရိက္ခာနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို အသင့်ပြင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ တပ်ရင်း ၃၅၀၄ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာဒေသတွင်းရွာ ၂၀ ခန့်မှ ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့ဆိုပါတယ်။

“ဒီချိန်က မိုးစပါးစိုက်ပျိုးရာသီအချိန်ဖြစ်လည်းဖြစ်တယ် ဒီချိန်ဆို စပါးစိုက်ပျိုးပီးစီးရမယ့်အချိန်ပေါ့တချို့ကတော့စိုက်ပျိုးပီးသားတွေပစ်ထားခဲ့ရတယ်။ တစ်ချို့ကလုံးဝမလုပ်ရသေးတာတွေရှိတယ်။ စစ်ဘေးရှောင်နေရတော့ တစ်ချို့စိုက်ပျ်ုးပြီးသားဆိုပေမယ့်လည်း ပေါင်းတွေမရှင်းရတော့ ပျက်စီးမယ့်အနေအထားတွေလည်းရှိတယ်ပေါ့။ မိုးတွင်းကာလကတော့ အဓိကစစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာပါပဲ ကျွန်တော်တို့တပ်ရင်းအနေနဲ့ကတော့ စားနပ်ရိပ်က္ခာအတွက် တက်နိုင်သမျှထောက်ပံ့မှုတော့လုပ်ပေးနေတာလေးတွေ တပ်ခွဲ ၁ ကအဓိကထားပံ့ပိုးလုပ်ဆောင်ပေးနေပါတယ်” လို့ PDF တပ်ရင်း (၃၅၀၄) တာဝန်ရှိသူက ပြောပါတယ်။

မြေပြင်တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်တဲ့ မေးမြန်းမှုကိုတော့ စစ်ရေးအရ အရေးကြီးတဲ့ အပိုင်းတွေ ရှိနေတာမို့ အသေးစိတ် ထုတ်ပြောဖို့စောသေးတယ်လို့လည်းတပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ဒေသတွင်း တော်လှန်ရေးတပ်တွေကလည်း ရေတာရှည်နယ် စစ်ရေးအခြေအနေတွေနဲ့ ဒေသခံတွေ စစ်ရှောင်နေကြရတာရှိတာကြောင့် နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူတွေကို ပံ့ပိုးကူညီကြဖို့ နှိုးဆော်ထားတာလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေ များပြားနေကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကိုထက်က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တင့်ကားတွေပါ အသုံးပြုနေပြီး ကြည်းနဲ့လေ ပူးပေါင်းထိုစစ်ဆင်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံဗိုလ်လကျာ်က ပြောပါတယ်။