Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ တိုက်ပွဲဆက်လက်ပြင်းထန်

မြ၀တီမြို့တောင်ဘက်ဖလူးကျေးရွာဆီ ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KNU ပူးပေါင်းတပ်တို့ဒီနေ့ (ဇူလိုင် ၈)ရက်မနက်အစောပိုင်းကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ကရင်သတင်း ရင်းမြစ်က ပြောပါတယ်။

ဇူလိုင် – ၈ ၊၂၀၂၆၊နိုင်ပကောင်း/People’s Spring

မြ၀တီမြို့တောင်ဘက်ဖလူးကျေးရွာဆီ ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KNU ပူးပေါင်းတပ်တို့ဒီနေ့ (ဇူလိုင် ၈)ရက်မနက်အစောပိုင်းကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ကရင်သတင်း ရင်းမြစ်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်နားက မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်မှာရှိတဲ့ မင်းလက်ပံကျေးရွာနဲ့ ဖလူးကျေးရွာတို့ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် စစ်တပ်က ထိုးစစ်ဆင်နေတာ ကိုးလကြာမြင့်လာပြီးနောက် လက်ရှိ ဇူလိုင်လအစောပိုင်းကစတင်ကာ အင်အားအလုံးအရင်းသုံးလာတာပါ။

“ညက အလုံးကြီးတွေ(လက်နက်ကြိီး) တစ်ညလုံးပစ်တယ်၊ ဒီမနက် တိုက်ပွဲကြမ်းနေပြီး၊ အသေးအကြီးအသံစုံပဲ” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ (ဇူလိုင်၇ရက်) က စစ်တပ်က လေးကေကော်မြို့အနီး၊ ထီးမယ်ဝါးခီးရွာဘက်ကို အင်အားအများအပြား ပို့ထားလိုက်ပြီးနောက် ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာမြေပြင် စစ်ကြောင်းထိုးတက်လာတာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲဟာ မနက်အစောပိုင်းကစပြီး မနက်၁၀ နာရီခွဲအထိ ဆက်လက်ပြင်းထန်နေဆဲပဲလို့ သိရပါတယ်။

“ထီးမယ်ဝါးခီးလမ်းကနေတက်လာတာ ၊စစ်တပ်က အထိများတယ်၊ ပစ(ပြည်သူ့စစ်မှုထမ်း)တွေပေါ့၊အခု လူနာတင်ကားနဲ့ မြ၀တီကို လူနာတွေပြန်ပို့တယ်”လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

ကရင်သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ စစ်တပ်ဟာ မြ၀တီမြို့ စောင့်တပ်ဖြစ်တဲ့ အမှတ် ( ၂၇၅ ) ခြေလျင်တပ်ရင်း ထဲမှာ ပြီးခဲ့တဲ့လတွေကတည်းက ဆေးရုံတစ်ခုတည်ဆောက်ထားပြီး အဲဒီဆေးရုံထဲမှာပဲ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရ စစ်သည်လူနာတွေကို ကုသမှုပေးနေတယ်လို့ သိရပါတယ်။

လက်ရှိ ဖလူးနယ်မြေ စစ်တပ်ရဲ့ ထိုးစစ်မှာ ဘားအံမြို့နယ်၊ ကြာအင်းပေါ်တော်မူအထူးဒေသမှာ အခြေစိုက်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)အဖွဲ့က ဗိုလ်ဘိတို့တပ်ဖွဲ့တွေက စစ်တပ်နဲ့အတူ ပါဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

ဗိုလ်ဘိတို့ DKBA တပ်ဟာ လက်ရှိ ဖာပွန်-ကမမောင်းလမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ကို ကူညီပေးနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က ဖလူးနဲ့မင်းလက်ပံ​​ဒေသကို ဇူလိုင် ၁၀ရက်အပြီး သိမ်းပိုက်ရန် အမိန့်နဲ့တိုက်ဟုဆို

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းမှာ ဒီကနေ့ ညဦးပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။