Connect with us

Hi, what are you looking for?

သတင်း

ဥရောပကို ကာကွယ်မယ့် ဒုံးကျည် စီမံကိန်းအတွက် ဒေါ်လာ ၅၀ ဘီလီယံလောက် ထည့်ဝင်ဖို့ နိုင်ငံတစ်ဒါဇင် သဘောတူ

ဥရောပတိုက်ရဲ့ ကာကွယ်ရေး အစီအမံအတွက် တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်ရေးမှာ စုစုပေါင်း ဒေါ်လာ ၅၀ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံ တစ်ဒါဇင်လောက်က သဘောတူထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Lockheed Martin

ဥရောပတိုက်ရဲ့ ကာကွယ်ရေး အစီအမံအတွက် တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်ရေးမှာ စုစုပေါင်း ဒေါ်လာ ၅၀ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံ တစ်ဒါဇင်လောက်က သဘောတူထားကြောင်း သိရပါတယ်။

Deep Precision Strikeလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို ဗြိတိန် အစိုးရက စတင်အဆိုပြုခဲ့ပြီး လာမယ့် ၁၀ နှစ်အတွင်း အဲဒီ ငွေပမာဏလောက် အသုံးပြုပြီး ဥရောပကို ကာကွယ်ပေးမယ့် တာဝေးဒုံးကျည်တွေ ဖြန့်ကျက်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ပရောဂျက်နဲ့ ပတ်သက်လို့ အသေးစိတ် အကြောင်းအရာတွေကို တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ လက်ရှိ ကျင်းပနေတဲ့ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံမှာ ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းကျရင် ဆက်လက် ဆွေးနွေးသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

စတာမာဟာ ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်မယ်လို့ ကြေညာထားပြီး ဒါဟာ သူ့အတွက် ဝန်ကြီးချုပ်အဖြစ်နဲ့ နောက်ဆုံးအကြိမ် NATO ညီလာခံ တက်ရောက်မှုလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် အစိုးရရဲ့ အဆိုအရ ဗြိတိန် အပါအဝင် NATO အဖွဲ့ဝင် ဥရောပ ၁၂ နိုင်ငံဟာ အခု အစီအမံကို အကောင်အထည် ဖော်နိုင်ဖို့ ငွေကြေး ဝိုင်းဝန်း စိုက်ထုတ် မတည်ကြဖွယ် ရှိတယ်လို့လည်း သိရပါတယ်။ NATOရဲ့ အဆင့်အမြင့်ဆုံး လက်နက် စီမံကိန်းတစ်ခု ဖြစ်လာမယ်ဆိုတဲ့ ပရောဂျက်ဟာ ကီလိုမီတာ ကနဦး အဆင့်မှာ မိုင် ၂၀၀ လောက် အကွာက ရန်သူ ပစ်မှတ်တွေကို တိတိကျကျ ချေမှုန်းနိုင်တဲ့ ဒုံးကျည်တွေ ဖြန့်ကျက်ဖို့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ဒုံးကျည်တွေရဲ့ ပျံသန်းနိုင်မှု အကွာအဝေးကို ၁၂၅၀ မိုင်ထိ ချဲ့ထွင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမဲ့ ဗြိတိန် အစိုးရက အစီအစဉ် ရေးဆွဲထားတဲ့ စစ်ရေး အစီအမံ အတော်များများနည်းတူ Deep Precision Strike စီမံကိန်းဟာလည်း ၂၀၃၀ ပြည့်နှစ် မတိုင်ခင် စတင်နိုင်မယ့် အခြေအနေတော့ မရှိသေးပါဘူး။

ဗြိတိန် အစိုးရက ကြီးမှူးတဲ့ အခင်းအကျင်းတွေဟာ ဥရောပ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး လာမယ့်အနာဂတ်မှာ NATOကို ပိုမို လုံခြုံဘေးကင်းအောင် စောင့်ရှောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့လည်း စတာမာက ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ဥရောပမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်အင်အားနဲ့ သမားရိုးကျ စစ်လက်နက်တွေကို လျှော့ချ ရုပ်သိမ်းဖို့ စီစဉ်နေတာကြောင့် ဥရောပ နိုင်ငံတွေဟာ ကာကွယ်ရေးအတွက် ကိုယ်ပိုင် အစီအမံတွေကို မြှင့်တင်ဖို့ ပိုမို အားထုတ်လာရပါတယ်။

ဇွန်လတုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အမေရိကန်ဟာ ဥရောပမှာ တပ်တွေ ဖြန့်ကျက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ၆ လကြာ အချိန်ယူ ဆန်းစစ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပွဲမှာတော့ ဆွစ်ဇာလန် အသင်းက ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်ရောက် ၈ သင်းမှာ ဥရောပက ၆ သင်းထိ ပါဝင်လာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဥရောပ နိုင်ငံတွေအတွက် နည်းပညာမြင့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်စီး ထုတ်လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြင်သစ်နဲ့ ဂျာမနီတို့က ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။