Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းနယ်မှာ KNLA ပူးပေါင်းတပ် တိုက်ခိုက်လို့ စစ်တပ် ၅ ဦး သေ

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး

(စစ်တပ်မီးရှို့သွားတဲ့ နေအိမ်တွေ။ ဓာတ်ပုံ - KNU)

ဇူလိုင်-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ် တက်တူကုန်းရွာနဲ့ ကြက်ခြေခတ်ကျေးရွာ နယ်မြေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဇူလိုင် ၅ရက်မနက်မှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက် ခလရ(၈) ၊ ပျူစောထီးအဖွဲ့ နဲ့ အမှတ် (၃၁၄)အမြောက်တပ်ရင်းတို့က ပူးပေါင်းအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာလို့ ၂ရက်ဆက် တိုက်ပွဲရှိခဲ့တာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၆ရက် မွန်းလွဲပိုင်းတိုက်ပွဲမှာ စစ်တပ်က ၅ဦး သေ၊ ၉ဦး ဒဏ်ရာရခဲ့ပြီး KNLA ပူးပေါင်းတပ်က ထိခိုက်မှုမရှိဟု အသိပေးပါတယ်။

(စစ်တပ်မီးရှို့သွားတဲ့ ကား။ ဓာတ်ပုံ – KNU)

အထိနာတဲ့ စစ်တပ်ဟာ ကုန်ပစ္စည်းသယ်ဆောင်နေသော အရပ်သားပြည်သူ ကုန်ပစ္စည်းများနဲ့ ကားများအား သိမ်းယူပြီး ကုန်ပစ္စည်းအချို့နဲ့ ကား ၂ စီးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် တက်တူကုန်းရွာနဲ့ ကြက်ခြေခတ်ရွာ စေတီမုခ်၀အနီးက နေအိမ် ၆လုံးကို မွှေနှောက် ပစ္စည်းတွေယူပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကုန်ပစ္စည်းသယ်တဲ့ ယာဥ်မောင်း ၁ဦးနဲ့ တက်တူကုန်းရွာသား ၁ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့ထိ ပြန်မလွှတ်သေးဘူးလို့လည်း သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ(၁)နယ်မြေအတွင်း ပြည်သူလူထု နေထိုင်ရာနေရာတွေကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်ခဲ့လို့ အခုလပိုင်းအတွင်း အရပ်သား ပြည်သူသေဆုံးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။