Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် သတင်းပေးနေတဲ့ စဉ့်ကူးက အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ခံ ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဇူလိုင်-၁၁၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ရွှေဂုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမင်းနဲ့ ရေရွှေဂုံတိုင်အုပ်စုတုံးကျေးရွာက အုပ်ချုပ်‌ရေးတာဝန်ခံဦး ဇော်သန်းတို့ဟာ လက်ဖက်ရည်ဆိုင်ထိုင် နေစဉ် ဇူလိုင် ၈ ရက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

” အဲ့ဒီအုပ်ကြီးတွေက ပြည်သူတွေစီကနေ စစ်မှုထမ်းကြေးဘန်းပြပြီးမတရား ရဲခွေးတွေနဲ့ ပေါင်းပြီး ငွေကြေးကောက်ခံပြီး အဆိုးဆုံးက တော်လှန်ရေးသမားတွေရဲ့သတင်းတွေကို စကစများထံပေးပို့နေလို့။ဖြစ်စဥ်မဖြစ်ခင်က ဒီကောင်တွေက စကစကိုလက်နက်ကြီးနဲ့ဘယ်ပစ်ခိုင်းလိုက်ညာပစ်ခိုင်းလိုက်နဲ့ ။ပတ်ဝန်းကျင်တွေလက်နက်ကြီးပစ်တာမျိုးတွေလည်းရှိတယ်။ပြည်သူအထိခိုက်တွေလည်းရှိတယ်လို့သိရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်နဲ့ပစ်ခတ်မှုဟာ ဘယ်အဖွဲ့အစည်းကလည်းဆိုတာ တော့မသိရ သေးပါဘူး။

စဉ့်ကူးမြို့နယ်မှာ ဇွန်လ၂၃ ရက်က စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြေနုကျွန်းရွာက ကလေးတွေ အပါအဝင် ပြည်သူ ၆ ဦး ပြင်းထန်ဒဏ်ရာတွေရခဲ့သလို ဇွန်လ၂၇ ရက်မှာလည်း ကျွန်းဦးကျေးရွာက ကလေးငယ်တွေရဲ့ မိခင်မျိုးသမီး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၈ရက်‌မှာလည်း လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဆင်သေရွာက ဒေသခံ ၆ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။