Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါး လျှပ်စစ်မီး ပြတ်တောက်

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

(ပြင်ဆင်ရမယ့် အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းအား တွေ့ရစဥ်။ ဓါတ်ပုံံ-Ese Shwebo)

ဇူလိုင် ၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ည ၈ နာရီခန့်က ရွှေဘို-အုန်းတော ဓာတ်အားလိုင်း အမှတ် (၂)ဟာ ဝက်လက်မြို့နယ်၊ လှတောကျေးရွာအနီးမှာ ဓာတ်အားလိုင်းချို့ယွင်းမှု ဖြစ်ပွားကာ စတင်ပြတ်တောက်ခဲ့ပြီး ရွှေဘိုတစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်း အမှတ် (၁)မှာလည်း ယခင်ကတည်းက ချို့ယွင်းချက်ဖြစ်ပွားထားပြီး ပြန်လည်ပြုပြင်နိုင်တာ မရှိကြောင်း၊ ယခုအခါ အမှတ် (၂) လိုင်းပါ ထပ်မံပြတ်တောက်သွားတဲ့အတွက် ရွှေဘိုပင်မဓာတ်အားခွဲရုံသို့ ဓာတ်အားလုံးဝ မရောက်ရှိတော့ဘဲ ရွှေဘိုမြို့တွင်း လျှပ်စစ်ဓာတ်အားလုံးဝ ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း ရွှေဘိုလျှပ်စစ်ရုံးက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ မြေပြင်အခြေအနေတွေအရ စစ်တပ်ရဲ့ အုန်းတောခွဲရုံကဝန်ထမ်းတွေနဲ့ ရွှေဘိုမြို့က ဝန်ထမ်းတွေ သွားပြင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ တကယ်တော့ မနှစ်က ဓါတ်အားလိုင်းပျက်စီးမှုဟာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမှုကြောင့် ရွှေဘိုမြို့မှာ အိမ်သုံးတင်မက လုပ်ငန်းတွေပါ အခက်အခဲရှိနေကြောင်း သိရ​ပါတယ်။

“မီးမလာတော့ဘူးဆိုရင် လုပ်ငန်းကို တခြားနေရာရွေ့ရင် ရွှေ့ရတော့မယ်”လို့ ရွှေဘိုမြို့က အသေးစားစက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံဒေသအသီးသီးမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး အထူးသဖြင့် တော်လှန်ဒေသက မြို့တွေရွာတွေမှာ နှစ်နဲ့ချီပြီး ပြတ်တောက်နေပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် အိမ်သုံးတင်မကဘဲ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) နဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ငန်း​တွေလည်ပတ်ဖို့၊ရပ်တည်ဖို့ပါ အခက်တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးဟာ ပိုးထိတာကို မသိဘဲ ကယ်ဆယ်ရေးလုပ်နေစဉ်မှာ ရေစီးထဲမျောပါ ကျဆုံးခဲ့ရကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့−ပကဖရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။