Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်​တွေရဲ့ အခါ​တော်​ပေး ဒေါက်တာဖေဉာဏ် အသတ်ခံရမှု စစ်အုပ်စုက လူရာချီဖမ်းဆီးပြီး ပန်းရံလုပ်သား၄ ဦးကို တရားခံစာရင်းသွင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။

ဇူလိုင်-၁၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။

ဒေါက်တာဖေဉာဏ်ဟာမှော်ဘီမြို့၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းက စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းမှာ ဦးပညာဝံသအမည်နဲ့ ဘုန်းကြီးဝတ်နေစဉ် သူသတင်းသုံးနေတဲ့ကျောင်းခန်းအတွင်း ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို ဇူလိုင်လ၂ ရက်နေ့မနက်ပိုင်းမှာ တွေ့ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်‌တပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး လူရာချီကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျောင်းပတ်ဝန်းကျင်ကလူငယ်တွေ၊ဆောက်လုပ်ရေးဆိုဒ်တွေက အလုပ်သမားတွေ၊ လယ်သမားတွေ အကုန်ဖမ်းတာ။ လူဖမ်းပွဲလုပ်ပြီး ဖမ်းတာနော်။ အခုကတော့ ပန်းရံလုပ်တဲ့ လူငယ်၄ယောက်ကို တရားခံလို့ ပြောပြီး အမှုတင်ဖို့လုပ်နေတယ်”လို့ မှော်ဘီမြို့ခံ တဦးပြောပါတယ်။

ဒေါက်တာဖေဉာဏ်ဟာအာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုကြီး သန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန်ရဲ့ အခါတော်ပေးအဖြစ်လုပ်ခဲ့သူဖြစ်ပါတယ်။ ဦးသိန်းစိန် ‌လက်ထက်မှာ ဘုန်းကြီးဝတ်သွားပြီး အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကလည်း ကိုးကွယ်သူလို့ သိရပါတယ်။ သေဆုံးချိန်မှာ အသက်၇၅နှစ်ရှိပြီဖြစ်ပါတယ်။ ဒီလူသတ်မှုဖြစ်စဉ်ကို တရားခံမိအောင်ဖမ်းပေးဖို့ အာဏာသိမ်းစစ်တပ်က ရဲတပ်ဖွဲ့ကိုဖိအားပေးခဲ့ပြီးလူရာချီကို အတင်းအဓမ္မဖမ်းဆီးစစ်​ဆေးခဲ့တယ်လို့ ဖြစ်စဉ်ကို သိသူက ပြောပါတယ်။

” အဖမ်းခံရသူ ၁၀၀ ကျော််တယ်။ ပြန်မလွတ်သူတွေလည်း ရှိသေးတယ်။ ငွေလည်း ညှစ်တယ်နော်။ အခုကတော့ ပန်းရံသမားတွေကို တရားခံဆိုပြီးပထမဆုံးသတင်းလွှင့်နေပြီ”လို့ ၎င်းက ပြောပါတယ်။

စစ်တပ်ဝါဒဖြန့်ချီရေးသမားတွေကတော့ မှော်ဘီကပန်းရံလုပ်သားနှစ်ဦး၊ ဧရာဝတီတိုင်းကနေ လာပြီး ဆောက်လုပ်ရေးလုပ်နေတဲ့ ပန်းရံလုပ်သားနှစ်ဦး၊စုစုပေါင်း လေးဦးကစန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းထဲ သစ်တွေဝင်ခိုးစဉ်ဒေါက်တာဖေဉာဏ် (ဦးပညာဝံသ)နဲ့ ပက်ပင်တိုးလို့ ဓားနဲ့ ထိုးသတ်သွားတာလို့ ရေးသားနေကြပါတယ်။

စစ်တပ်လက်​အောက်မှာနိုင်ငံတစ်ဝန်း​ မြို့ကြီးတွေမှာလူသတ်မှု၊ ဓားပြမှု၊ လုယက်မှု စတဲ့အမှုမျိုးစုံထူ​ပြောလာပြီး တရားဥပ​ဒေစိုးမိုးမှု​လျော့နည်းလာပါတယ် ။ အမှုအခင်း​တွေမှာစစ်တပ်နဲ့ နီးစပ်သူ​တွေ ၊ ပျူ​စောထီး​တွေ ၊စစ်တပ်သတင်း​ပေးစတဲ့သူ​တွေကျူးလွန်တဲ့အမှု​တွေပိုများလာပြီး သူတို့ကိုစစ်အုပ်စုက အ​ရေးမယူသလို ၊တရားဥပ​ဒေစိုးမိုးမှု​လျော့နည်းလာတာ​ကြောင့် ကျူးလွန်သူ​တွေက စစ်အုပ်စုကို​လာဘ်​​ပေးပြီး ပြစ်ဒဏ်ကင်းလွတ်​​အောင်လုပ်တာ​တွေလည်းပိုများလာတယ်လို့​ပြည်သူ​တွေက​ပြောပါတယ်။ဒါ​ကြောင့် ပြည်သူ​တွေက အာဏာသိမ်းစစ်တပ်​အောက်မှာ ငွေများတရားနိုင်​ခေတ်ဖြစ်​နေတယ်လို့​ပြောကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

Facebook