Connect with us

Hi, what are you looking for?

News

နေပြည်​တော်တွင် စစ်​ကောင်စီတပ်ကားနှစ်စီးကို မိုင်းဆွဲ ၁၂ ဦး​သေ၊ ၅ ဦးဒဏ်ရာရဟု​ နေပြည်​တော်PDF ထုတ်ပြန်

နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားနှစ်စီးမိုင်းခွဲခံရပြီး ၁၂ဦးခန့်သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်) ကသတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့ )နံနက် ၁၁း၃၀ ခန့်က နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု၊ လက်ဖက်တောင်ကျေးရွာ၊ ဒေသအခေါ် နတ်ကြီးစင်တောင်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)၏ တပ်ရင်း(၈၀၂)၊ တပ်ခွဲ (၅) မှ ကြိုတင်သတင်းအရ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဥ် ဆိပ်ဖူးတောင်ဘက်မှလာသော စစ်ကောင်စီစစ်ကားနှစ်စီးကို ကြိုတင်တပ်ဆင်ထားသော မိုင်း ၅ လုံးဖြင့် အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၁၂ ယောက်ပါသော စစ်ကားတစ်စီး ချောက်ထဲသို့ကျကာ စစ်ကောင်စီစစ်သား ၁၂ ယောက်လုံးသေဆုံးပြီး အခြားကားမှ ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေတပ်မတော်(နေပြည်တော်) က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook