Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်းကို ခုခံကာကွယ်နေတဲ့ရဲဘော်တွေအတွက်လုပ်နေတဲ့ ရိက္ခာကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ CPUထောက်ပို့ တိုက်တွန်း

ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်တပ်ကို ခုခံကာကွယ်နေတဲ့ ရဲဘော်တွေအတွက်ပြုလုပ်နေတဲ့ ရိက္ခာကမ်ပိန်းမှာ တက်နိုင်သလောက်ပါဝင်ပေးဖို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထောက်ပို့ဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

(ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်တပ်ကို ခုခံကာကွယ်နေတဲ့ ရဲဘော်တွေ။ ဓာတ်ပုံ − CPU / CPA Fundraising)

ဇူလိုင် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်တပ်ကို ခုခံကာကွယ်နေတဲ့ ရဲဘော်တွေအတွက်ပြုလုပ်နေတဲ့ ရိက္ခာကမ်ပိန်းမှာ တက်နိုင်သလောက်ပါဝင်ပေးဖို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထောက်ပို့ဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်က လေကြောင်းအင်အား၊ မြေပြင်အင်အား အမြောက်အများနဲ့ ထိုးစစ်ဆင်လျက်ရှိရာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)နဲ့ မဟာမိတ်တပ်များက ခုခံလျက်ရှိပြီး တိုက်ပွဲ ၁လခွဲ ကျော်ကြာပြီဖြစ်ပါတယ်။

“ချမ်းအေးလှတဲ့ ချင်းတောင်ရဲ့မိုးရာသီကြားမှာ ကျွန်တော်တို့ ရဲ့ CPAရဲဘော်များနဲ့တကွ မဟာမိတ်ရဲဘော်တွေဟာ အရပ်လေးမျက်နှာက ထိုးစစ်ဆင်လာတဲ့ရန်သူစစ်ကြောင်းတွေ ကို နေ့ရောညပါ ခုခံလျက်ရှိပါတယ်။ နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေတာ အခုဆိုရင် တလ ကျော်ခဲ့ပါပြီ ရန်သူဘက်ကလည်း နောက်ထပ်စကစတပ်သား အင်အားအမြောက်အများချင်းတောင်ဘက်ကို ထပ်မံစေလွှတ်နေပါတယ်။ ကျွန်တော်တို့ CPA နဲ့မဟာမိတ်ညီနောင်များအနေနဲ့ ချင်းပြည်နယ်တောင်ပိုင်း ရန်သူ စကစလက်ထဲကို ပြန်မရောက်ရေးအတွက် အပြင်းအထန်ခုခံလျက်ရှိရာ လက်ရှိအချိန်မှာ ရိက္ခာဆေးဝါးကစလို့ အဖက်ဖက်မှာ လိုအပ်ချက်တွေများနေပြီဖြစ်ပါတယ်” လို့ CPU/CPA ထောက်ပို့ဌာနက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ရှေ့တန်းမှာတိုက်ပွဲဝင်လျက်ရှိတဲ့ ရဲဘော်ရဲဘက်တွေအတွက် “ရိက္ခာ” Fundraising campaign ကို CPU/ CPA ထောက်ပို့ဌာန က ဦးဆောင်ပြီး ပြုလုပ်လျက်ရှိရာ ကမ်ပိန်းကာလမှာ ဇူလိုင် ၁၆ရက်ကနေ ဩဂုတ် ၁၅ရက်အထိ တလသတ်မှတ်ထားပါတယ်။

အဲဒီကာလအတွင်း ဆန်အိတ်ရေ ၂၀၀၀ ရရှိရေး သတ်မှတ်ထားကြောင်း အသိပေးပြီး ဆန်အိတ်တစ်အိတ် ကျပ်တသိန်းခွဲ( ၁၅၀၀၀၀ကျပ်) ဖြစ်တယ်လို့ ဆိုပါတယ်။

“ရန်သူ့လက်ထဲကို ချင်းပြည်နယ်တောင်ပိုင်း ပြန်မရောက်အောင် ခုခံနိုင်မယ်လို့ ကျွန်တော်တို့အားလုံးယုံကြည်ပါတယ်။မိဘပြည်သူများလည်း ရိက္ခာ campaign မှာပါဝင်ခြင်းအားဖြင့် ကျွန်တော်တို့နဲ့အတူတူ

တိုက်ပွဲဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ CPU/CPA ထောက်ပို့ဌာနက ထုတ်ပြန်ထားပါတယ်။

“သူတို့ဆီမှာ ကျည်ဆန်တွေရှိပေမဲ့၊ ကျွန်တော်တို့ဆီမှာတော့ အချင်းချင်း ရိုင်းပင်းကူညီမှုဆိုတဲ့ အကြီးမားဆုံး အင်အားစု ရှိပါတယ်။ ဒီတော်လှန်ရေးဟာ လက်နက်ချင်း ယှဉ်ပြိုင်ရုံသက်သက် မဟုတ်ပါဘူး။ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေအတွက် ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ စေတနာ၊ တစ်နေ့စာ ရိက္ခာလေးတွေဟာ မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။ခင်ဗျားတို့ရဲ့ အလှူလေး တစ်ခုချင်းစီဟာ ရဲဘော်တစ်ဦးရဲ့ ဗိုက်ကို ပြည့်စေရုံတင်မကဘဲ၊ တော်လှန်ရေး ခရီးလမ်းမှာ ငါတို့ တစ်ယောက်တည်း မဟုတ်ဘူး၊ ငါတို့နောက်မှာ ပြည်သူတွေရှိတယ်ဆိုတဲ့ ခွန်အားသစ်ကို ပေးစွမ်းနိုင်မှာပါ” လို့လည်း ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်ကို ၂၀၂၆ မေလကုန်ပိုင်းမှာ ထိုးစစ်ဆင်နေသလို ကန်ပက်လက်မြို့ကိုလည်း မေလလယ်ကတည်းက ထိုးစစ်ဆင်နေတာပါ။ လူအင်အားအများအပြားသုံး ထိုးစစ်ဆင်နေတဲ့အပြင် တိုက်ပွဲဖြစ်ရာ ဒေသတွေသာမက အရပ်သား ပြည်သူနေထိုင်ရာ နေရာတွေကိုပါစစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ နေ့တိုင်းနီးပါးပြုလုပ်လျက်ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်ထိုးစစ်ကို CPU/CPA နဲ့ မဟာမိတ်ပူးပေါင်းတပ်က ခုခံထားနိုင်ဆဲဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုလည်းများပြားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်ခဲ့ရာ သတ်မှတ်ကာလအတွင်း ရည်မှန်းချက်ပြည့်မှီ ကျော်လွန်အောင် ရရှိခဲ့ကြောင်း CPU/CPA ထောက်ပို့ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။