Connect with us

Hi, what are you looking for?

သတင်း

ရုရှားရဲ့ အွန်လိုင်း အရောင်း လုပ်ငန်းစု ကုန်လှောင်ရုံတွေကို ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်၊ ၈ ဦးထက်မနည်း သေဆုံး

ရုရှားရဲ့ အကြီးမားဆုံး အွန်လိုင်း လက်လီ ရောင်းချမှု လုပ်ငန်းစုကြီး တစ်ခုရဲ့ ကုန်လှောင်ရုံတွေက ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty

ရုရှားရဲ့ အကြီးမားဆုံး အွန်လိုင်း လက်လီ ရောင်းချမှု လုပ်ငန်းစုကြီး တစ်ခုရဲ့ ကုန်လှောင်ရုံတွေက ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရုရှားပိုင်နက်ထဲမှာ ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် အသေအပျောက် အများဆုံး ဖြစ်စဉ် အနေနဲ့လည်း မှတ်တမ်းဝင်လာပါတယ်။

Wildberriesဟာ ရုရှားရဲ့ Amazonလို့ တင်စားခံရတဲ့ အွန်လိုင်း ကုန်စည်ရောင်းချမှု လုပ်ငန်းစုကြီး ဖြစ်ပါတယ်။ ဇူလိုင် ၁၈ ရက် မနက်အစောပိုင်းက တိုက်ခိုက်မှုတွေမှာတော့ တမ်ဘော့ဗ်မြို့က ကုန်လှောင်ရုံမှာ လူ ၇ ဦးသေ ၂၅ ဦး ဒဏ်ရာရခဲ့ပြီး အလက်ခ်ထရော့စတယ်လ်မြို့က ကုန်လှောင်ရုံမှာတော့ ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလက်ခ်ထရော့စတယ်လ်ဟာ မော်စကိုမြို့တော်နဲ့ ဆက်စပ်တည်ရှိပြီး တမ်ဘော့ဗ်ကတော့ မော်စကိုကနေ မိုင် ၃၀၀ နီးပါးလောက် ကွာဝေးပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားစစ်တပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထင်ကရ အဆောက်အအုံတွေကို ပစ်မှတ်ထား ချေမှုန်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ Wildberriesရဲ့ ကုန်လှောင်ရုံတွေဟာ ဒရုန်းထုတ်လုပ်မှုနဲ့ စစ်သုံးလမ်းညွှန်စနစ်တွေ ဖြန့်ဝေပို့ဆောင်မှုအတွက် အသုံးပြုနေတာ ဖြစ်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်းဟာ အဇော့ဗ်ပင်လယ်၊ ပင်လယ်နက်နဲ့ ရုရှား ထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်တို့မှာလည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက အတည်ပြုသွားပါတယ်။

လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာတော့ တိုက်ခိုက်ခံထားရတဲ့ ကုန်လှောင်ရုံ တစ်ခုမှာ မီးတွေလောင်ပြီး အနက်ရောင် မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ အရပ်ဖက် အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတဲ့နောက် ယူကရိန်းကလည်း ပိုပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ ရည်ရွယ်ထားကြောင်း ဇီလန်စကီးက သတိပေးခဲ့ပါတယ်။ အခုသီတင်းပတ် အစောပိုင်းတုန်းက ယူကရိန်းနိုင်ငံ အနှံ့က မြို့တွေကို ရုရှားက ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး ဖြန့်ကျက် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကိုးကား: Wall Street Journal

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အနှံ့မှာ ရုရှားက ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ထုတ်ပယ်ခဲ့တဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ဆုံးဖြတ်ချက်အပေါ် ယူကရိန်း ပြည်သူတွေက ဆန္ဒပြကြပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။