Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ချန်ပီယံဆုအတွက် စပိန်မှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

စပိန်ဟာ ဥရောပ တံခွန်စိုက် ဖလားကြီးကို ဆွတ်ခူးပြီး ၂ နှစ်အကြာမှာ ကမ္ဘာ့ချန်ပီယံ ဆုကိုပါ သိမ်းယူနိုင်ခဲ့တာပါ။ ဇူလိုင် ၁၉ ရက် ညပိုင်းက အမေရိကန်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ စပိန်ဟာ စွမ်းဆောင်ရည်ပိုင်း အကောင်းဆုံး ပြသပြီး ပြိုင်ဘက် အာဂျင်တီးနားကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။

ဒီပွဲမှာ အချိန်ပိုထိ ကစားခဲ့ရပြီး အာဂျင်တီးနားဖက်ကလည်း မိနစ် ၉၀ ကျော်မှာ ကစားသမားတစ်ယောက် အထုတ်ခံခဲ့ရတဲ့တိုင် စပိန်က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာကိုတော့ အငြင်းပွားစရာ မရှိပါဘူး။ အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ရဲ့ လက်စွမ်း ကောင်းမွန်မှုနဲ့ စပိန်ရဲ့ ဂိုးကံခေမှုတွေကြောင့်သာ သာမန် ပွဲချိန် မိနစ် ၉၀ အတွင်း အနိုင်ရလဒ် ထွက်ပေါ်မလာခဲ့တာပါ။ တစ်ဖက်မှာတော့ အာဂျင်တီးနားဟာ စပိန်ဂိုးပေါက်ကို တစ်ကြိမ်တောင် တည့်မတ်အောင် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

စပိန်က ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပြီဆိုတာ သေချာတာနဲ့ မက်ဒရစ် မြို့တော်က လမ်းတွေပေါ်ကို လူတွေ တပြုံကြီး ရောက်လာပြီး ဆူဆူညံညံ အောင်ပွဲခံကုန်ကြပါတယ်။ မက်ဒရစ် လေဆိပ်ကို ဆင်းသက်လာချိန်မှာ ခရီးသည်တင် လေယာဉ်မှူး တစ်ဦးဟာ သူ့စိတ်ကို တည်ငြိမ်အောင် မနည်းချုပ်တီးထားခဲ့ရပါတယ်။ လေယာဉ်ဘီးတွေ ရပ်သွားပြီ ဆိုတာနဲ့ သူက “ကျွန်တော်တို့အသင်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာပါပြီ ခရီးသည် လူကြီးမင်းများခင်ဗျား”လို့ ဝမ်းပန်းတသာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မက်ဒရစ်မှာတော့ ဘယ်သူမှ ညမအိပ်တော့ဘူးလို့ ထင်ရလောက်အောင် ဆူညံပြီး အောင်ပွဲခံနေကြပါတယ်။ ကားတွေက ဟွန်းသံ အရှည်ကြီးတွေ တီးကြပြီး မြို့လယ်က လမ်းတိုင်းလိုလိုမှာ လူတွေ ပြည့်ကုန်ပါတယ်။ အများစုက စပိန် လက်ရွေးစင် အသင်းရဲ့ အနီရောင် ဘောလုံးဂျာစီတွေ ဝတ်လာပြီး စပိန်နိုင်ငံ အလံကို လွှမ်းခြုံထားသူတွေကိုလည်း တွေ့ရပါတယ်။ တချို့တွေကတော့ ကြည်နူးမျက်ရည်တွေကျရင်း အချင်းချင်း ပွေ့ဖက် အောင်ပွဲခံနေကြပါတယ်။

စပိန်ရဲ့ တခြားမြို့တွေမှာလည်း ညအချိန် ထွက်ပြီး လက်ရွေးစင် အသင်းရဲ့ အောင်ပွဲအတွက် စုဝေးပျော်ရွှင်သူတွေ ရှိခဲ့ပါတယ်။ တချို့နေရာတွေမှာတော့ အောင်ပွဲခံ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းတွေ၊ မီးကျည်တွေ ပစ်ဖောက်နေကြပါတယ်။

မက်ဒရစ် မြို့ခံတွေဟာ အောင်ပွဲရပြီး ပြန်လာမယ့် နိုင်ငံသူရဲကောင်း ဘောလုံးကြယ်ပွင့်တွေကို ကြိုဆိုဖို့လည်း တက်ကြွနေပါတယ်။ လေဆိပ်ကနေ ဆုဖလားနဲ့အတူ ပြန်လာမယ့် အသင်းရဲ့ ဘတ်စ်ကား ဖြတ်သန်းရာ လမ်းတလျှောက်မျာ အနည်းဆုံး လူတစ်သန်းလောက် စုဝေးကြဖွယ်ရှိပြီး မြို့ခံ ရဲတပ်ဖွဲ့က လုံခြုံရေး အစီအမံတွေအတွက် ပြင်ဆင်နေပါတယ်။

စပိန်အသင်းဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့တာပါ။ စပိန်ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို နှစ်ကြိမ်သာ တက်ရောက်ခဲ့ပြီး နှစ်ကြိမ်စလုံးကို တူညီတဲ့ တစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ချည်းပဲ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အချိန်ပိုမှာ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး စပိန်က ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး သိမ်းပိုက်သွားခဲ့ပါတယ်။

ဆောင်းပါး

တည်ငြိမ်တိတ်ဆိတ်တဲ့ လူတစ်ယောက်ရဲ့ လက်ရာကတော့ ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးကို ကျယ်လောင်တဲ့ အံ့အားသင့်မှု တွေနဲ့ လှုပ်ခတ် စေခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...