Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် စစ်တပ် ဒရုန်းနဲ့ဗုံးကြဲလို့ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်-၂၁၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိတဲ့ လင်မယားနှစ်ဦးထဲက အမျိုးသမီးမှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကနဦး သိရပြီး ဒီနေ့ ညပိုင်း ထပ်မံရရှိတဲ့ သတင်းအရ အမျိုးသမီး သေဆုံးသွားပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇူလိုင်၂၁ရက် ဒီနေ့မနက်ပိုင်းမှာ မတ္တရာမြို့နယ်ကတဆင့် စဉ့်ကူးမြို့နယ်၊ ကျွန်းကြီးရွာကို စစ်တပ်က ဒရုန်းကားတွေ အပါအဝင် အင်အားတိုးခဲ့ပြီး ည‌ ၇နာရီဝန်းကျင်မှာ မြောက်ဘက်က တစ်ရွာကျော် ကြက်တူရွေးရွာကို ဒရုန်းနဲ့ ဗုံးချခဲ့တာပါ။

Public Service Announcement

Public Service Announcement

“အရှေ့က ကျေးတမာကုန်းထဲကျတာ။ အသက် ၅၀ကျော် လင်မယားနှစ်ဦး ထိတယ်။ အမျိုးသမီးက ထိတာ များတယ်လို့ ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၈၁မမလက်နက်ကြီး ထိပ်ဖူးတွေကို ဒရုန်းတွေနဲ့ ဗုံးသီးဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတွေကတော့ စစ်တပ်ရန်ကို ကြောက်ရတာကြောင့် အခု ညဘက်အထိ စစ်လှေတွေနဲ့ ထွက်ပြေးနေရတယ်လို့ ဒေသခံက ပြောပါတယ်။

“ရေတွေက နေအိမ်တွေထဲအထိ တက်နေတာ။ အခု ကြောက်ပြီး အကုန်ထွက်ပြေးနေရတယ်။ ဗုံးချခံရပြီး တရွာလုံး စက်လှေတွေနဲ့ ထွက်ရှောင်ရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က စဉ့်ကူးမြို့နယ်အနောက်ခြမ်းကို လေကြောင်းတိုက်တာ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်နေပြီး တလအတွင်း ပြည်သူ တစ်ဒါဇင်ကျော်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook