Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးမှာ တိုက်ပွဲနေ့စဉ်ဖြစ်၊ စစ်တပ်က ရိက္ခာခဲယမ်းဖြည့်တင်းနေတယ်လို့ KIA ပြော

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဇူလိုင် ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဇူလိုင် ၂၅ရက် သတင်းဖော်ပြချက်မှာ KIA တပ်မဟာ(၇) နယ်မြေဖြစ်တဲ့ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ စစ်ရေးအခြေအနေကို အသိပေးလာတာဖြစ်ပါတယ်။

စစ်တပ်ဟာ ခေါင်လန်ဖူးဘက်မှာ လက်နက်ခဲယမ်းတွေဖြည့်တင်းနေပြီး စစ်ရေးလှုပ်ရှားတာတွေ အင်အားတိုးချဲ့တာတွေ ပြုလုပ်နေတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်း၊ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ရှေ့တန်းက တပ်တွေကို စားနပ်ရိက္ခာပို့တာ လက်နက်ပို့တာတွေ ပုံမှန်လုပ်နေကြောင်း ဖော်ပြထားတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ဟာ ကချင်ပြည်နယ်အနှံ့က KIA သိမ်းပိုက်ထားတဲ့နေရာတွေမှာ စစ်ရေးလှုပ်ရှားပြီး တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးနဲ့ ရမ်းပစ်တာ ဒရုန်းနဲ့ ကင်းလှည့်တာတွေ နေ့တိုင်းလုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

KIA ပူးပေါင်းတပ်ဟာ ခေါင်လန်ဖူးဒေသက စစ်တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း ရရှိထားပါတယ်။ ဇူလိုင် ဒုတိယပတ်က မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် အမှတ်(၃၀)အနီးရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။