Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ စစ်ကား ဝင်တိုက်လို့ ကျောင်းဆရာမ သေဆုံးပြီး ကျောင်းသူ ၁ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(ကျောင်းဆရာမနဲ့ ကျောင်းသူ ဝင်တိုက်တဲ့ စစ်ကား။ ဓါတ်ပုံံ-CJ)

ဇူလိုင် ၂၇၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီခွဲခန့်က မုန်တိုင်ကျေးရွာအနီး မိုင်တိုင် ၈ မိုင် ၃ ဖာလုံံ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှာ စာသင်ကျောင်းကပြန်လာတဲ့ ကျောင်းဆရာမနဲ့ ကျောင်းသူစီးနင်းလာတဲ့ဆိုင်ကယ်ကို မန္တလေးမြို့နန်း​တွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကြပ်ဉာဏ်ပိုင်ထွေး မောင်းနှင်လာတဲ့ ယာဥ်အမှတ် ၁၇၁၄(ဘ) ထောက်ပို့​ယာဥ်က ဝင်တိုက်မိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်က အိုင့်ကြီးလည်ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် မူလတန်းပြဆရာမ ​ဒေါ်မြကေသီခိုင်ဟာ နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း၊ ဒါ့အပြင် အတူပါလာတဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ မအိစန္ဒာဖြိုးမှာလည်း ဘယ်ဘက်ခြေသလုံးပြင်းထန်ဒဏ်ရာအပါအဝင် တစ်ကိုယ်လုံးဒဏ်ရာတွေ ရရှိသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကားက ကျောင်းသူနဲ့ ဆရာမကို တိုက်သွားတာ။ အဲဒီ ဖြစ်စဉ်မှာ အရေးယူထားတာ မရှိပါဘူး”လို့ ဖြစ်စဥ်ကို သိမြင်ခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါဖြစ်စဥ်မှာ စစ်တပ်ရဲ့ထောက်ပို့ယာဥ်ဟာ SINOTRUK အမျိုးအစား ကုန်တင်ကားတစ်စီး ဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် ကားရဲ့ဘယ်ဘက်ခြမ်း ချိုင့်ဝင် ပုံပျက်သွားတာ တွေ့ရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၂၂ ရက်တုန်းကလည်း မကွေးမြို့၊ နတ်မောက်လမ်း၊ ကံလှကျေးရွာအနီးမှာ မိတ္ထီလာထောက်ပို့တပ်က ဆီဘောက်ဆာကားနဲ့ Light Truck ကားမျက်နှာချင်းဆိုင်တိုက်မိပြီး ဒုတပ်ကြပ်အပါအဝင် ၅ဦး သေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

အ​နောက်သို့ဆက်သွားရင်ပန်းတောင်း၊ဥသျှစ်ပင်ဘက်သို့​​ရောက်ပြီး ​တောင်ဘက်သွားရင်ဧရာဝတီတိုင်းထဲ​ရောက်မယ်

Facebook