Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Telegram ထူထောင်သူကို အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ ရုရှားက စွဲချက်တင်

လူသုံးများတဲ့ messaging ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Telegramကို ထူထောင်ခဲ့သူကို ရုရှားက အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ စွဲချင်တင်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လူသုံးများတဲ့ messaging ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Telegramကို ထူထောင်ခဲ့သူကို ရုရှားက အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ စွဲချင်တင်ခဲ့ပါတယ်။

ရုရှားရဲ့ အဓိက ပြည်တွင်းလုံခြုံရေး အေဂျင်စီဖြစ်တဲ့ ဖက်ဒရယ် လုံခြုံရေးဌာန (FSB)က Telegramရဲ့ စီမံခန့်ခွဲမှု အဖွဲ့ဟာ ယူကရိန်း ထောက်လှမ်းရေး အေဂျင်စီတွေ၊ အစွန်းရောက် ဝါဒစွဲ အဖွဲ့အစည်းတွေ အသုံးပြုနေတဲ့ channelတွေ၊ botတွေ အများအပြားကို ဖယ်ရှားပေးဖို့ ငြင်းဆိုခဲ့ကြောင်း ဇူလိုင် ၂၉ ရက်နေ့မှာ စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် Telegramကို ထူထောင်ခဲ့ပြီး အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားသူ ပေဗယ်လ် ဒူရော့ဗ်ကိုလည်း အကြမ်းဖက် အားပေးမှုနဲ့ ရုရှားက စွဲချက်တင်ခဲ့ပြီး အလိုရှိ တရားခံတွေ စာရင်းထဲ ထည့်သွင်း ကြေညာခဲ့ပါတယ်။

ဒူရော့ဗ်ဟာ ရုရှားမှာ မွေးဖွားပြီး သူ့လုပ်ငန်းကိုလည်း ရုရှားမှာ အခြေပြု စတင်ခဲ့ပေမယ့် လတ်တလောမှာတော့ ပြည်ပမှာ ပြောင်းရွှေ့ အခြေချနေပါတယ်။ Telegramဟာ ရုရှားမှာ အအောင်မြင်ဆုံး message ဝန်ဆောင်မှု appတစ်ခု ဖြစ်လာပေမယ့်လည်း အခုတော့ ရုရှားက ပြည်တွင်းသုံးစွဲမှု ပိတ်ပင်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားအစိုးရဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ စတင်ချိန်ကတည်းက ပြည်တွင်းက အင်တာနက် သုံးစွဲမှုတွေကို ပိုမို ကန့်သတ် ချုပ်ခြယ်ဖို့ အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

ဒူရော့ဗ်ကို စွဲချက်တင်ခဲ့တာနဲ့ ပတ်သက်လို့တော့ FSBက Telegramဟာ အကြမ်းဖက်နဲ့ အစွန်းရောက် ဝါဒစွဲ အဖွဲ့အစည်းတွေက ရုရှားပိုင်နက်ထဲမှာ အကြမ်းဖက်မှု၊ အစုလိုက် သတ်ဖြတ်မှု၊ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေ ကျူးလွန်နိုင်အောင် ကြံရာပါအဖြစ် ပူးပေါင်းခဲ့တာကြောင့်လို့ စွပ်စွဲခဲ့ပါတယ်။ အကျိုးဆက်အဖြစ် လူ့အသက်တွေ ဆုံးရှုံးရတဲ့ အခြေအနေတွေပါ ဖြစ်ခဲ့တယ်လို့ FSBက ပြောပါတယ်။

ဒါတင်မကသေးဘဲ မနှစ်က ဇူလိုင်လကစလို့ တစ်နှစတာအတွင်း Telegramရဲ့ chatbot အသုံးပြုတဲ့ အသက် ၁၂ နှစ်နဲ့ ၂၂ နှစ်ကြားအရွယ် လူငယ် ၄၆ ဦးဟာ တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းတွေကို ရန်လိုတိုက်ခိုက်မှု၊ မီးရှို့မှုနဲ့ တခြား မှုခင်းတွေကြောင့် အဖမ်းခံခဲ့ရတယ်လို့လည်း FSBရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

နှစ်ဆန်းပိုင်းတုန်းက ဒူရော့ဗ်က ရုရှား အာဏာပိုင်တွေဟာ သူ့ကို ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားကြောင်း၊ တကယ်တမ်းတော့ သူ့ကို ပစ်မှတ်ထားနေတဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ဖိနှိပ် ပိတ်ပင်ဖို့ အားထုတ်မှု တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူ့အပေါ် စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် အသက် ၄၁ နှစ်အရွယ် နည်းပညာ လုပ်ငန်းရှင်ကြီးဟာ ရုရှားမှာ ထောင်ဒဏ်တစ်သက်ထိ ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။

ဒူရော့ဗ်ကို ရုရှားက စွဲချက်တင်ခဲ့တဲ့ ကိစ္စအပေါ် Telegramကတော့ လတ်တလော တုံ့ပြန်မှတ်ချက် မပေးသေးပါဘူး။ Telegramကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ဒူဘိုင်းမြို့မှာ ဌာနချုပ် ထားရှိဖွင့်လှစ်ပြီး ပြင်သစ်နဲ့ ယူအေအီး နိုင်ငံသားတွေအဖြစ် ခံယူထားတဲ့ ဒူရော့ဗ်ကလည်း ဒူဘိုင်းမှာပဲ နေထိုင်နေတာ ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။