Connect with us

Hi, what are you looking for?

သတင်း

တောင်သာတိုက်နယ်ပကဖတာဝန်ခံရဲ့နာရေးကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ နေရာမှား ဗုံးကြဲ

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဇူလိုင်-၃၀၊၂၀၂၆၊နှင်း/ People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တောင်သာမြို့နယ်က ရုံးစည်ကြီးတိုက်နယ်ပကဖတာဝန်ခံ မအမရာမောင်(ခ)စွန်ရဲမ ဟာ သူ့လက် အောက်ခံ ရဲဘော်အချင်းချင်းစကားများတာကို ဝင်တားရာမှာ ကျည်မတော်တဆထွက်ပြီး ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

မအမရာမောင်ရဲ့ နာရေးကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဇူလိုင် ၂၉ရက် မနေ့က နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ အများအပြား တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနာရေးကို စစ်တပ်က လေယာဉ်နဲ့ တက်ရောက်ဂုဏ်ပြုတယ်လို့ စစ်တပ်ထောက်ခံသူတွေကအောင်ပွဲခံကာ လေကြောင်းတိုက်ခိုက်ခဲ့‌‌အကြောင်း ရေးသားနေကြပေမယ့် နာရေးကိုရောက်နေတဲ့တော်လှန်ရေးရဲဘော်တစ်ဦးက နေရာမှား ဗုံးကြဲတာဖြစ်နိုင်ကြောင်း ပြောပါတယ်။

“နာရေးကိုတော့ လေကြောင်းလာမတိုက်ပါဘူး။နာရေးကို လေကြောင်းလာ တိုက်တယ်ဆိုတာ အခုပြောမှကို သိတာ။တောင်သာမြို့နယ်တ နေရာကို တော့Mi-35နဲ့ လေကြောင်းတိုက် သွားတာရှိပါတယ်။ဒါပေမယ့် နေရာက အဝေးကြီး။ပြီးတော့ လေကြောင်းပစ်တဲ့ နေရာက လူလည်းမရှိတဲ့ နေရာဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး”လို့ အထက်ပါ ရဲဘော်က ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတည်းက ကျောင်းသားအရေးတွေမှာပါဝင်ခဲ့ဖူးပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျောင်းသားသမဂ္ဂတွေကို အားပေးခဲ့သူ မအမရာမောင်ဟာ ရုံးစည်ကြီးတိုက်နယ်ပကဖ တာဝန်ယူခဲ့ပြီး အမျိုးသားဖြစ်သူဟာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ သိရပါတယ်။

ကျည်မ တော်တဆပေါက်မှုမှာ ကျည်ဆန်ဟာ နံရံကိုမှန်ပြီး ပြန်ကန်ထွက်ကာ မအမရာမောင်ကို ပြန်မှန်ခဲ့တာဖြစ်ပြီး အဲဒီမတော်တဆမှုမှာ ပါဝင်သူရဲဘော်၂ဦးစလုံးကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို