Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် သင်းမရွာကစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ် ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း – Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

(မြိုင်မြို့နယ်၊ သင်းမကျေးရွာကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့စဉ်။ ဓာတ်ပုံ - Myaing Villages Revolution Front)

ဩဂုတ်-၁၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း – Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

ဒီကနေ့(ဩဂုတ် ၁ ရက်) မနက်အစောပိုင်းမှာ မြိုင်မြို့နယ်၊ သင်းမကျေးရွာကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို တော်လှန်ရေးတပ်တွေလိုက်လံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“ဖိအားပေးမှုများလို့ ဆက်လက်တောင့်ခံနိုင်တော့မယ်မထင်လို့ ဆုတ်သွားတယ်လို့ ခန့်မှန်းရပါတယ်။ဘောင့်ဘင်ရွာဘက်ရောက်နေတယ်”လို့ စစ်တပ်စစ်ကြောင်း အခြေအနေကို ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်က သင်းမကျေးရွာကို ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းက ဒီကနေ့မှာ ရှင်းလင်းရေးအနေနဲ့ ကွင်းဆင်းခဲ့ပြီး စစ်တပ်စစ်ကြောင်းက နေအိမ်‌အလုံး ၄၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ကြွင်းကျန်ခဲ့သော အခြေအနေများအရ သင်းမရွာမှာ တပ်စွဲဖို့ စစ်တပ်က ကြံရွယ်ထားတယ်လို့ သိရပါတယ်။ သင်းမကျေးရွာမှာ တပ်စွဲဖို့ ကြံရွယ်ထားတဲ့ စစ်တပ် ပြန်ဆုတ်သွားတာဟာ တော်လှန်ရေးသမားတွေရဲ့ အောင်မြင်မှုလို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်းက အသိပေးပါတယ်။

“စစ်တပ်စစ်ကြောင်းတစ်ခုလုံး သူတို့ဦးတည်မယ့် ပေါက်နဲ့ မြိုင် ဘက်က ရေနံတွင်းနဲ့ပိုဝေးသွားတဲ့နေရာကို ရွှေ့သွားတယ်။ဒါပေမယ့် ဆက်တော့စောင့်ကြည့်နေတယ်”လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ပေါက်နဲ့ မြိုင်မြို့နယ်က ရေပြာရဲစခန်း၊ကုက္ကိုလ်စုနဲ့ သရက်ကန်ပြည်သူ့စစ်ရွာတွေကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပခုက္ကူမြို့ တပ်မ (၁၀၁) ကနေ အင်အား ၆၀၀ ၀န်းကျင်နဲ့ ၂လအကြာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ၂လအတွင်း ပေါက်နဲ့မြိုင်မြို့နယ်က အရပ်သားပြည်သူ ၂၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အပြင် ကျေးရွာ ၆ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ပေါက်နဲ့ မြိုင် ဒေသအစပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရေနံတွင်းတွေဆီကို စစ်တပ်စစ်ကြောင်းဦးတည်ချင်တာလို့ စစ်ရေးသတင်းရင်း မြစ်တွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်​ကြောင်းက အလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။