Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က ထပ်တိုက်လာရင် ဒေသတွင်း နိုင်ငံတွေရဲ့ စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထား တုံ့ပြန်မယ်လို့ အီရန် သတိပေး

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်မှာ ရှိနေတဲ့ နောက်ထပ် ပစ်မှတ်တွေကို အမေရိကန်က ထပ်မံ တိုက်ခိုက်နိုင်ခြေရှိကြောင်း ပြောကြားခဲ့တဲ့နောက် ဩဂုတ် ၁ ရက်နေ့မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက တူရကီ၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဘီးယား အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ သီးခြားဆီ ဖုန်းပြောရာမှာ အဲဒီလို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၁ ရက်နေ့ အစောပိုင်းမှာ ကူဝိတ်အစိုးရကလည်း နိုင်ငံရဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံ တချို့ဆီ အီရန်က ဒရုန်းတွေ ပစ်လွှတ်ခဲ့တာကြောင့် ကြားဖြတ် ပစ်ချခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဖုန်းပြောတဲ့အခါ အီရန်က နောက်ထပ် ဘယ်လို ရန်စမှုမျိုးကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်မယ့်အကြောင်းနဲ့ အမေရိကန်က တည်ငြိမ်မှု ပျက်စီးအောင် လုပ်မယ့် ဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲတွေကို သူက သတိပေး ဆွေးနွေးသွားကြောင်း ပါကစ္စတန် စစ်တပ် အကြီးအကဲ အာဆင်မ် မူနာ၊ တူရကီ နိုင်ငံခြားရေး ဝန်ကြီး ဟာကန် ဖီဒန်တို့က အသီးသီး ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် အာရက်ချီဟာ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ မင်းသား ဖိုင်ဆယ် ဘင်ဖာဟန်နဲ့လည်း ဖုန်းပြောခဲ့ပြီး အမေရိကန်ဖြစ်စေ၊ အစ္စရေးဖြစ်စေ၊ အမေရိကန် မဟာမိတ် ဒေသတွင်း နိုင်ငံတစ်ခုခုကဖြစ်စေ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာနဲ့ အီရန်ကလည်း သင့်တော်တဲ့ တုံ့ပြန်မှုမျိုးတွေ လုပ်ဆောင်မယ်လို့ သတိပေးခဲ့ပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပြီး အီရန်နဲ့လည်း တင်းမာတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။

ဇူလိုင် ၃၁ ရက်နေ့တုန်းက အမေရိကန် အစိုးရ အစည်းအဝေး တစ်ခုမှာ ထရမ့်က သူ့သမက် ဂျရတ်ကူရှ်နာ အပါအဝင် ကြားဝင်စေ့စပ်ပေးနေသူတွေဟာ အီရန်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိအောင် စွမ်းဆောင်နိုင်မယ်လို့ သူယုံကြည်ဆဲဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အီရန်ရဲ့ လုပ်ဆောင်မှုတွေကို သူ့အနေနဲ့ ယုံကြည်မှု လျော့ပါးလာနေကြောင်း၊ အီရန်ဟာ ပြောထားတဲ့ ကတိတွေကို အကြိမ်ကြိမ် ပယ်ဖျက်နေကြောင်း ထရမ့်က ဆက်ပြောသွားပါတယ်။ အကျိုးဆက်အဖြစ် သူဟာ အီရန်ကို ဒဏ်ခတ်တာမျိုးတွေ လုပ်လာနိုင်တယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဩဂုတ် ၁ ရက်နေ့ကတော့ ကူဝိတ်မြောက်ပိုင်း၊ ဘူဘီယန် ကျွန်းမှာရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုပိုင်တဲ့ အဆောက်အအုံတစ်ခုဟာ အီရန် ဒရုန်း အစအနတွေ ထိမှန်မှုကြောင့် အပျက်အစီးတချို့ ကြုံခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတော့ မရှိကြောင်း ကူဝိတ် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

အီရန်ဟာ အရင်ကတည်းက ဒေသတွင်း နိုင်ငံတွေမှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ခဲ့ဖူးပြီး အခုတော့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကိုပါ ပစ်မှတ်ထားမယ်လို့ အတိအလင်း သတိပေးလာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။